နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အိမ်ခြေရာမဲ့များ တစ်ပတ်ခြားတစ်ဦးနှုန်း သေဆုံးနေသည့် လားရှိုးမြို့၌ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းထပ်တိုး

မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အိမ်ခြေရာမဲ့များ တစ်ပတ်ခြားတစ်ဦးနှုန်း သေဆုံးနေသည့် လားရှိုးမြို့၌ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းထပ်တိုး

ahadmin
17/11/2022
Share:

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အောက်တိုဘာလခန့်ကတည်းက မူးယစ်သားကောင်များနှင့် အိမ်ခြေရာမဲ့များ လမ်းဘေးသေဆုံးမှု တစ်ပတ်ခြားတစ်ဦးနှုန်းခန့် သေဆုံးမှု ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ နိုဝင်ဘာလ (၁၆) ရက်နေ့တွင်လည်း ပိုင်ရှင်မဲ့အလောင်း နောက်တစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အမျိုးသားဖြစ်ပြီး လားရှိုးမြို့ ရပ်ကွက်(၅)၊ (၄၃) လမ်း၊ (၂၀) လမ်းနှင့် (၂၁) လမ်းကြားတွင် သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးသည် မည်သူမည်ဝါဖြစ်မှန်း မသိရသေးဘဲ ၎င်းအလောင်းကို လားရှိုးပြည့်ဆေးရုံသို့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ မူးယစ်ဆေးစွဲသူနှင့် အိမ်ခြေရာမဲ့များ လမ်းဘေးအေးခဲသေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း ယနေ့အထိ ၎င်းပြဿနာကို ကူညီဖြေရှင်းပေးသည့် အဖွဲ့အစည်းမရှိသေးပါ။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/