တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်အာဏာရှင်စနစ်ကို တော်လှန်ရာတွင် သူတလူငါတမင်း လုပ်ဆောင်၍မရကြောင်း (KNU) ဥက္ကဌ စောမူတူးစေးဖိုးပြောကြား

စစ်အာဏာရှင်စနစ်ကို တော်လှန်ရာတွင် သူတလူငါတမင်း လုပ်ဆောင်၍မရကြောင်း (KNU) ဥက္ကဌ စောမူတူးစေးဖိုးပြောကြား

Hsan Loi Editor
31/01/2023
Share:

 

စစ်အာဏာရှင်စနစ်ကို တော်လှန်ရာတွင် သူတလူငါမင်း လုပ်ဆောင်၍မရဘဲ တခြားသော တိုင်းရင်းသားလူမျိုး အစုအဖွဲ့များနှင့် လက်တွဲတိုက်ထုတ်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုးက (၇၄) နှစ်မြောက် ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ဒါ့အပြင် နိုင်ငံရေး ကြိုးပမ်းမှုများအတွက် လမ်းပိတ်သွားတာ၊ ရပ်တန့်သွားတာတွေ ဖြစ်ပေါ်လာပါက လက်နက်ကိုင်ခုခံတော်လှန်ရေးပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းဖြစ်စဉ်သည် အံ့ဩစရာမဟုတ်သည့် နိုင်ငံရေးအမှန်တရားဖြစ်စဉ်ဖြစ်သည်ဟု ပြောကြားသည်။

 

မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်များဖြစ်သည့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သလို၊ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ ဥပဒေအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း KNU ဥက္ကဌ စောမူတူးစေးဖိုးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အောက်ပါဖော်ပြသော ဓာတ်ပုံသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်တွင် ၇၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပနေသည့် မြင်ကွင်းဖြစ်သည်။

photo credit & KIC