တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီတပ်နှင့် TNLA တို့ လားရှိုးမြို့နယ် တစ်နေရာတွင် တိုက်ပွဲပြန်ဖြစ်

စစ်ကောင်စီတပ်နှင့် TNLA တို့ လားရှိုးမြို့နယ် တစ်နေရာတွင် တိုက်ပွဲပြန်ဖြစ်

Hsan Loi Editor
30/01/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇန်နဝါရီလ (၂၉) ရက်နေ့က တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ လားရှိုးမြို့နယ်ရှိ ခမရ(၅၀၄) တပ်ရင်းမှ TNLA တပ်စခန်းသို့ လက်နက်ကြီး စတင်ပစ်ခတ်ရာမှတဆင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

စစ်ကောင်စီတပ်၏ အင်အား (၆၀) ခန့်သည် လားရှိုးမြို့နယ် နမ့်မော်ကျေးရွာမှ မန်ကောင်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး TNLA တပ်မဟာ (၆) စစ်ဒေသ၊ TNLA တပ်ရင်း (၅၉၅) တပ်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ (၂) ဖက်တပ်များ (၂) နာရီကြာ အပြန်အလှန်ပြန်လည်ပစ်ခတ်ခဲ့သည်။

 

(၂)ဖက်တပ်များ၏ အထိအခိုက် အကျအဆုံးကို မသိရသေးဘဲ ဇန်နဝါရီလ (၂၉) ရက်နေ့ ည (၆) နာရီခန့်တွင် ပစ်ခတ်မှုများ ပြန်လည်ရပ်တန့်သွားပြီး ယနေ့တွင်လည်း စစ်ရေးတင်းမာလျက်ရှိကြောင်း သတင်းရရှိသည်။