နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီအပေါ် Non CDM ဝန်ထမ်းများ  သဘောထားများအား မည်သို့ရှိကြောင်း စစ်တမ်းကောက်နေဟုဆို

စစ်ကောင်စီအပေါ် Non CDM ဝန်ထမ်းများ သဘောထားများအား မည်သို့ရှိကြောင်း စစ်တမ်းကောက်နေဟုဆို

Hsan Loi Editor
30/01/2023
Share:

 

Non CDM ဝန်ထမ်းများအား ၎င်းတို့အပေါ် ဌာနဆိုင်ရာများ မည်သို့ သဘောထားရှိကြောင်း စစ်ကောင်စီမှ စာရွက်များဖြန့်ဝေပြီး စစ်တမ်းကောက်မှုတစ်ခု ပြုလုပ်နေသည်ဟုဆိုသည်။ အဆိုပါ စစ်တမ်းတွင် စစ်ကောင်စီအပေါ် စိတ်သဘောထားနှင့် ဌာနဆိုင်ရာ အောက်ခြေဝန်ထမ်းများ၏ သဘောထားများကို ဖြည့်သွင်းစေလျက်ရှိသည်။

 

“နာမည်တော့ မဖြည့်ခိုင်းပေမယ့် ရာထူးတွေ ဌာနတွေပါနေတော့ သူတို့အကြောင်း မကောင်းဘယ်သူကရေးရဲမလဲ။ ဖြည့်ဆိုလို့သာ ဖြည့်လိုက်ရတာ အမှန်တရားတော့ ရမှာမဟုတ်ပါဘူး။ ဘာအတွက်လည်းဆိုတာတော့ သေသေချာချာမသိဘူး ကျနော်တို့ ရုံးက ဝန်ထမ်းတိုင်းတော့ အကုန်ဖြည့်ခိုင်းတာပါပဲ။” ဟု သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

 

ဒါ့အပြင် CDM လုပ်ထားသော ဝန်ထမ်းများစာရင်းကို စစ်ကောင်စီမှ စာရင်းပြန်လည်ပြုစုလျက်ရှိပြီး လိုက်လံဖမ်းဆီးနေကြောင်းလည်း သိရသည်။