နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဥ်၌ ပါဝင်ပတ်သက်ခြင်း မပြုရန် KNDF ထုတ်ပြန်

စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဥ်၌ ပါဝင်ပတ်သက်ခြင်း မပြုရန် KNDF ထုတ်ပြန်

Hsan Loi Editor
29/01/2023
Share:

 

၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်သည့် မည်သူမဆို အရေးယူသွားမည်ဟု KNDF က သတိပေးစာ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီမှ ရွေးကောက်ပွဲပြင်ဆင်ရေးအတွက် တစ်အိမ်တက်ဆင်းလူဦးရေစာရင်းများ ကောက်ခံခြင်း၊ ကြိုတင်မဲများ ကောက်ခံခြင်း၊ စည်းရုံးဟောပြောခြင်း၊ တာဝန်ပေးအပ်ခြင်း အစရှိသည့် လုပ်ဆောင်မှုများကို ငြင်းဆန်၍ မပူးပေါင်းကြရန်။

 

တစ်သီးပုဂ္ဂလသော်လည်းကောင်း၊ အသင်းအဖွဲ့သော်လည်းကောင်း နိုင်ငံရေးပါတီဖွဲ့စည်း၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း လုံးဝ မပြုရန်။

 

ကရင်နီပြည်တစ်ဝန်းလုံးတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်မှန်သမျှကို ပိတ်ပင်ကြောင်း ၊ ပူးပေါင်းလုပ်ဆောင်ခြင်းမပြုရန်။

 

ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆောင်ရွက်မှုများကို တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။