နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

RCSS စစ်သည်များနှင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တို့ မိုင်းပန်မြို့နယ်မြေအတွင်း စစ်ရေးရင်ဆိုင်နေဆဲဟုဆို 

RCSS စစ်သည်များနှင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တို့ မိုင်းပန်မြို့နယ်မြေအတွင်း စစ်ရေးရင်ဆိုင်နေဆဲဟုဆို 

Hsan Loi Editor
29/01/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ကျရောက်မည့် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်ကို သျှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ် နန်းယီဆိုင်ကော်ကန် ဧရိယာ တဝိုက် ကျင်းပပြုလုပ်ရန် RCSS က မိုင်းပန်ဒေသခံများနှင့် ဒီဇင်ဘာလကတည်းက ပူးပေါင်း စီစဥ်နေခဲ့ကြောင်း သိရပါသည်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉-၂၀ ရက်နေ့ဝန်းကျင်ခန့်တွင် အဆိုပါ ပြင်ဆင်နေဆဲနေရာသို့ စစ်ကောင်စီဘက်မှ ရုတ်တရက် အင်အားဖြည့်တင်းမှုများ တဟုန်ထိုး ပြုလုပ်ခဲ့ကြောင်း RCSS အရာရှိအချို့ထံမှ သိရသည်။

 

စစ်ကောင်စီတိုင်းမှူးအဆင့်ရှိသူက နေပြည်တော် NSPNC ထံသို့ ခွင့်တောင်းရန် RCSS ဆက်ဆံရေးရုံးထံ အသိပေးအကြောင်းအကြားခဲ့သည်ဟုဆိုသည်။

 

“မိုင်းပန်မှာလုပ်မယ့် သျှမ်းပြည်အမျိုးသားနေ့ပွဲအတွက် စစ်ကောင်စီနဲ့ညှိပြီးမှလုပ်ရမယ်ဆိုတော့ RCSS အနေနှင့် ဝင်မပါတော့ဘူး” ဟု Tai Freedom သျှမ်း စာမျက်နှာကလည်း ၂၀ ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် စစ်ကောင်စီ၏ NSPNC ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုပြီးဆုံးသွားခဲ့သော်လည်း စစ်ကောင်စီဘက်က မိုင်းပန်မြို့နယ်အတွင်းက စစ်အင်အား ရုပ်သိမ်းခြင်းမရှိသေးဘဲ သံချပ်ကာကားများအပါအဝင် အင်အားဖြည့်ထားဆဲဖြစ်သည်ဟု ယနေ့ သိရသည်။

 

ထို့ကြောင့် RCSS နှင့် မိုင်းပန်ဒေသခံများ၏ သျှမ်းပြည်အမျိုးသားနေ့ပွဲတော်ကို မိုင်းပန်မြို့နယ်မှ ဌာနချုပ်ဖြစ်ရာ လွိုင်တိုင်းလျဲန်းသို့ ရွှေ့ပြောင်းကျင်းပရန် စီစဥ်နေရသည်ဟု သိရသည်။

 

သျှမ်းပြည်နယ်တဝှမ်းလုံးတွင်လည်း စစ်ကောင်စီနှင့် သူ၏လက်အောက်ခံ ပြည်နယ်အစိုးရက “သျှမ်းပြည်အမျိုးသားနေ့” အစား “သျှမ်းပြည်နယ်နေ့” ဟု အမည်ပြောင်းလဲကျင်းပရန် ပြင်ဆင်နေကြသည်ဟု သိရသည်။