နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မီတာခမဆောင်၍ အင်းလေးဒေသရှိ ကျေးရွာတစ်ချို့ ရွာလုံးကျွတ် မီးဖြတ်ခံရ 

မီတာခမဆောင်၍ အင်းလေးဒေသရှိ ကျေးရွာတစ်ချို့ ရွာလုံးကျွတ် မီးဖြတ်ခံရ 

Hsan Loi Editor
28/01/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နှင့် အင်းလေးဒေသ ကျေးရွာအချို့တွင် မီတာခမဆောင်နိုင်သည့်ကျေးရွာများကို စစ်ကောင်စီက ရွာလုံးကျွတ်မီးဖြတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ ကျွန်တော်တို့မှာ ကိုဗစ်ဖြစ်တဲ့အချိန်ကစပြီး ဒီနေ့အချိန်ထိဆင်းရဲသားတွေမှာ စားဝတ်နေရေးကြပ်တည်းနေတာ လူတိုင်းကို လိုက်ပြောပြနေစရာမလိုဘူး မျက်မြင်ပါပဲ ၊ ကိုဗစ်ကာလ ဒေါ်စုလက်ထက်တုန်းကဆို မီတာခလွတ် ငြိမ်းခွင့်ပေးပေမဲ့ ခုစစ်အာဏာသိမ်းပြီးနောက် မင်း​အောင်လှိုင်လက်ထက်မှာ အဲဒီအချိန် မဆောင်လိုက်ရတဲ့ဟာတွေပါရော စုပြီးဆောင်ခိုင်းတယ်” ဟု အင်းလေးဒေ သခံတစ်ဦးကပြောသည်။

 

စစ်ကောင်စီက စားဝတ်နေရေးကြပ်တည်း၍ မီတာခ မဆောင်နိုင်သော အိမ်များအပါအဝင် မီတာခဆောင်သည့် နေအိမ်များကိုပါ မီးဖြတ်နေသောကြောင့် ကျေးရွာအ တွင်း မီတာခ ဆောင်သူများနှင့် မဆောင်သူများကြား ပဋိပက္ခ ဖြစ်ပွားနေကြောင်းသိရသည်။

 

“ ကိုဗစ်ကာလကတည်းက မဆောင်လို့ဆိုပြီး တစ်လကိုဒဏ်ကြေးလေးထောင်ပါဆောင်ခိုင်းတော့ အခုလိုစားဝတ်နေရေးခက်ခဲနေချိန်မှာ ကျွန်တော်တို့ကျေးရွာသားတွေ ပိုပြီးဒုက္ခရောက်ရပါတယ် ၊ မီတာခမဆောင်နိုင်လို့ မီတာခမဆောင်တဲ့အိမ်တွေကိုပဲ မီးလာဖြတ်ဖို့ပြောတာကို တစ်ရွာလုံးဖြတ်လိုက်တော့ မီတာခဆောင်ချင်တဲ့အိမ်တွေက မီးမလာတော့ ကျွန်တော်တို့ကို ဒါလေးတောင်မဆောင်ရကောင်းလားဆိုပြီး ရန်ရှာတာခံရသေးတယ်။ ထရမ်ဆဖာကိုလည်း ဖောက်ခွဲမယ်ဆိုပြီးတော့ ပြောသေးတယ်” ၄င်းဒေသခံကဆိုသည် ။

 

စစ်ကောင်စီလက်ထက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လျှပ်စစ်မီး ဖြတ်တောက်မှုများ ကြုံတွေ့နေရပြီး အင်းလေးဒေသရှိ မီတာခ ပုံမှန်ဆောင်ရသည့် ကျေးရွာများတွင် ငွေကြေးပိုမိုကောက်ခံမှုများရှိနေကြောင်း သိရသည် ။

 

ဇန်နဝါရီ ၂၅ ရက်နေ့ညက ညောင်ရွှေမြို့နယ်အတွင်း မီတာခမဆောင်သည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ မီးကြိုးများ လိုက်လံဖြတ်တောက်နေစဥ် ပျူစောထီးများက လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေးနေကြောင်း သိရသည်။