နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ချွန်းတက်သည့် လူငယ်တစ်စု ဓါးထောက်လု ယက်ခံရ 

တောင်ချွန်းတက်သည့် လူငယ်တစ်စု ဓါးထောက်လု ယက်ခံရ 

Hsan Loi Editor
23/01/2023
Share:

 

တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ပတ္တမြားဂူအနီးတွင် ဇန်နဝါရီ ၂၂ ရက်နေ့က လူငယ်တစ်စု ဓါးထောက်လုယက်ခံ ရကြောင်း သိရသည် ။

 

” တောင်ချွန်းတက်ပြီး အပြန်လမ်း တောင်ချွန်းနဲ့ ပတ္တ မြားဂူရဲ့ တောအလယ်ကြားမှာ ဓားထောက်ပြီးဓားမြတိုက်ခံရတာပါ ၊ ဓားမြောင်ကြီးနဲ့ သူငယ်ချင်းလည်ပင်းကို ထောက်ပီးတော့ကို လုပ်သွားတော့ အကုန်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာပါ” ဟု လုယက်ခံရသည့် ကာယာကံ ရှင် တစ်ဦးကပြောသည် ။

 

၄င်းလူငယ်များထံမှ ဖုန်း (6)လုံးနှင့် ငွေကြေးတစ်ချို့လုယက်ခံလိုက်ရကြောင်း သိရသည် ။

 

” အဲ့နေရာက ဖြစ်နေကျပဲ ၊ တောင်ချွန်းမှာက စစ် တပ်ပဲရှိတာတစ်ခါမှ ဖမ်းမိတယ်လို့မကြားဖူးဘူး၊အရင်ကလည်းအတွဲတွေလာလာချိန်းတွေ့တော့ လု ယက်မှုတွေ ခဏ ခဏဖြစ်တယ် ” ဟုတောင်ကြီးမြို့ခံတစ်ဦးကပြောသည် ။

 

တောင်ချွန်းနှင့် ပတ္တမြားဂူအနီးတွင်မကြာခဏလု ယက်မှု များဖြစ်ပွားတတ်ပြီး ဖမ်းဆီးရမိခြင်းမရှိသောကြောင့် လည်ပတ် ရန်မသင့်သည့်နေရာအဖြစ် မြို့ခံများကပြောဆိုဝေဖန်ကြသည် ။