နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းလေးဒေသစံကားဒေသတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် မှ ကားနှင့်စက်လှေများအား ပေါ်တာဆွဲနေဟုဆို

အင်းလေးဒေသစံကားဒေသတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် မှ ကားနှင့်စက်လှေများအား ပေါ်တာဆွဲနေဟုဆို

Hsan Loi Editor
20/01/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသ၊ စံကားမြို့တွင် စစ်ကောင်စီနှင့် ပအို့ဝ် ပြည်သူ့စစ် PNO မှ ကျေးရွာသားများအား ဇန်နဝါ ရီလ ၊ ၁၉ရက်နေ့က အစည်းအဝေးခေါ်ယူ၍ ကား နှင့်စက်လှေ ရှိသူများအလှည့်ကျပေးရန် နှင့် ပျက် ကွက်ခြင်းမရှိရန် ပြောဆိုခဲ့ကြောင်း စံကားဒေသခံများထံမှသိရသည် ။

” ဒါမျိုးတောင်းတာမရှိတာကြာပြီ အရင်ကတော့ သူတို့သွားစရာလာစရာရှိရင် စစ်တပ်ထောက်ခံသူတွေက လိုက်ပို့ပေးကြတယ်၊အခုတော့သူတို့လဲမတတ်နိုင်လို့ ကျန်တဲ့သူတွေဖက်လှည့်လာတာ သူတို့နဲ့ချောလိုက်ရင် ဒုက္ခရောက်တယ်။နောက်ကျလို့လဲမရ ၊ ဘယ်အချိန်ပြန်ရမလဲမသိ ၊ ဘယ်ကိုသွားလဲမပြောဘူး” ဟု စံကားဒေသခံတစ်ဦးကပြောသည် ။

စစ်ကောင်စီနှင့် PNO တို့ပေါ်တာဆွဲမှုကြောင့်ဒေသ ခံတစ်ချို့မှ၄င်းတို့၏ ကားများယာဥ်များအားစျေးပေါပေါဖြင့် ပြန်လည်ရောင်းချ ခြင်းများပြုလုပ်နေကြောင်း သိရသည် ။

” အင်းတန်းအုပ်စုရှိ ဒေသခံကားများ ချောဆွဲခံရတုန်းက ကားသမားတွေရဲ့ ဖုန်းတွေပါသိမ်းတာ၂ ည၃ညအိပ်ကြာမှပြန်ရတယ်။ သတင်းပေါက်ရင် ကားသမားကို သတ်မယ်ပြောလို့ ဘယ်သူမှမမောင်းချင်ကြဘူး ကိုယ့်အလှည့်ရောက်မဲ့နေ့ကိုစိတ်ဆင်းရဲစွာနဲ့ စောင့်နေကြရတယ်။ တချို့လဲကားကိုစျေးပေါပေါနဲ့ရောင်းထုတ်နေကြတယ်” ဟု ၄င်းကဆက်လက်ပြောသည် ။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကလည်းအင်းလေးဒေသ ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာ၊ တောင်ခြားပြင်ကျေး ရွာအနီးတစ်ဝိုက်ရှိ PDF တပ်စခန်းတစ်ခုကိုစစ်ကောင်စီမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး PDF ခေါင်းဆောင် ၁ ဦး အပါအဝင် ကျား ၆ ဦး၏ အ လောင်းများနှင့် အသက်ရှင်လျှက် ကျား ၇ ဦး၊ မ ၁ ဦး နှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထား သည်။