နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်-မယ်ဆိုင်တံတား ပြန်လည်ဖွင့်လှစ်ရန်မသေချာသေး 

တာချီလိတ်-မယ်ဆိုင်တံတား ပြန်လည်ဖွင့်လှစ်ရန်မသေချာသေး 

Hsan Loi Editor
18/01/2023
Share:

 

ထိုင်း-မြန်မာချစ်ကြည်ရေးမယ်ဆိုင် -တာချီလိတ်အမှတ် ၁ တံတားပြန်လည်ဖွင့်လှစ်ရန် ညှိနှိုင်းအ စည်းဝေးများ မကြာခဏပြုလုပ်နေသော်လည်းယနေ့ ထက်ထိဖွင့်လှစ်ရန်မသေချာသေးကြောင်း သိရသည် ။

 

ပြီးခဲ့သည့်ရက်ပိုင်းကတာချီလိတ် မြို့နယ်အတွင်းရှိစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများတွေ့ဆုံကာဆွေး နွေးညှိနှိုင်းမှုအစည်းအဝေးများပြုလုပ်နေသော် လည်း တိကျသည့်အဖြေမရရှိသေးကြောင်း သိရသည် ။

 

“ ထိုင်းဖက်က ဖွင့်ပေးဖို့ကသဘောတူညီမှုတွေရှိနေပေမဲ့ ဒီမြန်မာဖက်ခြမ်းက မသေချာသေးတာ အစည်းဝေးတွေ ခဏခဏလုပ်တယ် ခုထိအဖြေမထွက်သေးဘူး ခုလည်း သန့်ရှင်းရေးတွေလုပ်နေတယ် ဒါပေမဲ့ဘယ်နေ့ဖွင့် မလဲမတိအကျမသိဘူး ” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည် ။

 

ထိုင်းသတင်းဌာနများမှ လာမည့် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ထိုင်း -မြန်မာ အမှတ် ၁ ချစ်ကြည်ရေး တံတား (မယ်ဆိုင်-တာချီလိတ်)အားဖွင့်လှစ်မည်ဟုဖော်ပြထားသော်လည်း မြန်မာနိုင်ငံမှ တိကျသည့်ဆုံးဖြတ်ချက်မချမှတ်နိုင်သေးကြောင်း သိရသည် ။

 

အဆိုပါ အမှတ် (၁) တံတားသည် ကိုဗစ် ၁၉ ကပ်ရောဂါ နှင့်မြန်မာနိုင်ငံရေးအရှုပ်အထွေးများကြောင့်နှစ်နိုင်ငံ ကူးသန်းသွားလာခွင့် ပိတ်ထားသည် မှာ ၃ နှစ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည် ။