နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကားဘရိတ်နှင့် လီဗာ မှားနင်းမိရာမှ လူနှစ်ဦးကို တိုက်မိခဲ့သည့် လားရှိုးမြို့ ယာဉ်တိုက်မှုဖြစ်စဉ်၌ အတိုက်ခံရသူ အမျိုးသမီးတစ်ဦးသေဆုံး

ကားဘရိတ်နှင့် လီဗာ မှားနင်းမိရာမှ လူနှစ်ဦးကို တိုက်မိခဲ့သည့် လားရှိုးမြို့ ယာဉ်တိုက်မှုဖြစ်စဉ်၌ အတိုက်ခံရသူ အမျိုးသမီးတစ်ဦးသေဆုံး

Hsan Loi Editor
14/01/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ယမန်နေ့ ဇန်နဝါရီလ (၁၃) ရက်နေ့က ယာဉ်မောင်းဖြစ်သူမှ ဘရိတ်နှင့်လီဗာ မှားနင်းမိပြီး အမျိုးသမီးနှစ်ဦးကို တိုက်မိခဲ့သည်။ ယခုအခါ အတိုက်ခံရသော အမျိုးသမီးနှစ်ဦးထဲက တစ်ဦးသည် ကားကြိတ်ခံရသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ရပြီဖြစ်ကြောင်း သိရသည်။

 

အတိုက်ခံရသော အမျိုးသမီး (၂) ဦးကို ဆေးရုံကို ပို့ဆောင်ကုသခဲ့သော်လည်း အရှိန်ဖြင့် တိုက်ခံရသည့်အပြင် ကားကြိတ်ခြင်းခံခဲ့ရသောကြောင့် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

 

လားရှိုးမြို့တွင် လိုင်စင်မဲ့ယာဉ်များစည်းကမ်းမဲ့စွာ မောင်းနှင်ခြင်း လမ်းလုမောင်းခြင်းများကြောင့် မြို့နေလူထုများ မကြာခဏ ငြီးတွားလျက်ရှိကြောင်း သိရသည်။