နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် CDM ပညာရေးဝန်ထမ်း ဆရာ/မများ ဖမ်းဆီးခြင်းခံနေရဟုဆို

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် CDM ပညာရေးဝန်ထမ်း ဆရာ/မများ ဖမ်းဆီးခြင်းခံနေရဟုဆို

Hsan Loi Editor
13/01/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယခုတစ်ပတ်တွင်း CDM ပညာရေးဝန်ထမ်း ဆရာ/မ များကို စစ်ကောင်စီမှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းကို ခံနေရကြောင်း သိရသည်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးပိုင်းနှင့် လဝက တို့မှ အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ခံနေပြီး ထိုမှတဆင့် CDM စာရင်းကို ရယူပြီး လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

“သီပေါမြို့နယ်နဲ့နမ့်လန်မြို့နယ်မှာ CDM ဝန်ထမ်းတွေကို လာဆွဲသွားတာ ကျနော်တို့သိသလောက် ဒီတစ်ပတ်ထဲမှာ (၈) ယောက်လောက်ပါသွားပြီထင်တယ်ဗျ။ လာဖမ်းတာက လားရှိုးက စစ်သားတွေဖြစ်တယ်လို့ပြောတယ်။ အခုဆို CDM လုပ်ထားတဲ့ ဆရာ/မ တွေနဲ့ မိဘတွေက ထိတ်လန့်နေကြပြီ။ ဒီတစ်ပတ်ထဲမှာက အိမ်ထောင်စုစာရင်းတွေလည်း လိုက်ကောက်နေကြတော့ အဲ့ကနေတဆင့် သတင်းရပြီး ဖမ်းတာလား မသိပါဘူး။” သီပေါ ဒေသခံတစ်ဦးက ပြောပြသည်။

 

CDM ဝန်ထမ်းတွေကို ဦးတည်ပြီး လိုက်လံဖမ်းဆီးနေခြင်းအပြင် ထပ်မံဖမ်းဆီးရန်ရှိနေကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တော်တော်များများတွင် သတင်းပျံ့နှံ့လျက်ရှိကြောင်း သတင်းရရှိသည်။