နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ အိမ်ခြေရာမဲ့တစ်ဦး အအေးပတ်ပြီး သေပြန်ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ အိမ်ခြေရာမဲ့တစ်ဦး အအေးပတ်ပြီး သေပြန်ပြီ

Hsan Loi Editor
13/01/2023
Share:

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ ယနေ့ နံနက်ပိုင်း (၉း၃၀) ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၅) ၊ နယ်မြေ (၂) (၅၆၇) နတ်စင်အနီးရှိ ခြံဝိုင်းအလွတ်ထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူအမျိုးသားကို မည်သူမည်ဝါဖြစ်မှန်း မသိရသေးဘဲ အိမ်ခြေရာမဲ့တစ်ဦးဖြစ်ကာ အဆိုပါ ခြံဝိုင်းအလွတ်တွင် လာရောက်မှီခိုနေထိုင်သူ ဖြစ်သည်။

 

“လားရှိုးမြို့မှာ ဆောင်းစဝင်ကတည်းက အခုအချိန်အထိ (၃)လ အတွင်း သေဆုံးတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ (၂၀) ကျော်ရှိနေပြီ ။ အခုထိလည်း ဆက်ပြီးသေနေတုန်း ရာသီဥတုကပိုပိုပြီး အေးလာတော့ အိမ်ခြေရာမဲ့တွေကို ကူညီဖို့ နည်းလမ်းတွေ ရှာသင့်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့လည်း လူထဲကလူဖြစ်လို့ ကူညီဖြေရှင်းနိုင်ရင် တာဝန်ရှိသူတွေ ကူညီပေးစေလိုတယ်။

 

ပြီးတော့ လားရှိုးမှာက အိမ်ခြေရာမဲ့တွေအပြင် မူးယစ်ဆေးဝါးပြဿနာလည်းရှိတဲ့အတွက် ဒီလို ပိုင်ရှင်မဲ့အလောင်းတွေ တစ်ပတ်တစ်ယောက်နှုန်း နှစ်ယောက်နှုန်း တွေ့နေရတာလို့မြင်တယ်။ မြို့ရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ရော မြို့သူမြို့သားတွေရော ဒီပြဿနာကို ကူညီဖြေရှင်းဖို့ စဉ်းစားစေလိုပါတယ်။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပြသည်။

 

ယခုသေဆုံးမှုအပါအဝင် လားရှိုးမြို့တွင် သေဆုံးသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း (၂၀) ဦး ကျော်နေပြီဖြစ်သည်။

 

credit photo & လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့