သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့တွင် ဆေးကြောင်နေသော ခင်ပွန်းသည်က အိပ်ပျော်နေသည့် ဇနီးဖြစ်သူအား ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုယ်ကိုဓားဖြင့်ပြန်ထိုးခဲ့

တောင်ကြီးမြို့တွင် ဆေးကြောင်နေသော ခင်ပွန်းသည်က အိပ်ပျော်နေသည့် ဇနီးဖြစ်သူအား ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုယ်ကိုဓားဖြင့်ပြန်ထိုးခဲ့

Hsan Loi Editor
10/01/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် ဇန်နဝါရီလ (၉) ရက်နေ့ညပိုင်းက ဆေးကြောင်နေသော ခင်ပွန်းသည်က အိပ်ပျော်နေသည့် ဇနီးသည်ဖြစ်သူအား ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကို ဓားဖြင့်ပြန်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေညောင်မြို့နယ် ရွှေညောင်-တောင်ကြီး ကားလမ်းမကြီးဘေး စဉ့်ဟယ်ကျေးရွာ-အောင်သပြေတွင် နေထိုင်သော ကိုစည်သူ အသက်(၂၇) နှစ်က အိပ်ပျော်နေသည့် ဇနီးသည်ဖြစ်သူ မမြတ်နိုး အသက်(၂၃)နှစ်အား ည(၉)နာရီအချိန်၌ ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်။

ဆေးကြောင်နေသော အမျိုးသားဖြစ်သူသည် ဇနီးဖြစ်သူအား ဓားဖြင့် (၁၀) ချက်ထိုးသတ်ပြီးနောက် ၎င်းကိုယ်ကိုလည်း (၃) ချက် ပြန်ထိုးခဲ့သော်လည်း အသက်သေဆုံးခြင်းမရှိဘဲ တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အသက်ခံလိုက်ရသော ဇနီးသည်ဖြစ်သူ မမြတ်နိုးတွင် အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ကြောင်း သတင်းရရှိသည်။