ယနေ့ ဇန်နဝါရီလ (၈) ရက်နေ့ ည (၅:၁၅) ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်းလမ်း ဇီးပင်စခန်းရွာအထွက်၌ ကုန်တင်ယာဉ်တွဲကားနှင့် Light Truck ကား မတော်တဆ တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသူမရှိဘဲ Light Truck ယာဉ်ပေါ်မှ လိုက်ပါစီးနင်းသူတစ်ဦးသာ နဖူးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
