၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာလူနည်းစုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့စဥ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ( Genocide) ကျုးလွန်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၉ ရက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
လူမျိုးသုဥ်းစေမှုဆိုင်ရာ ဆုံးဖြတ်ချက်မှာ တရားသူကြီး ၉ ဦးက ထောက်ခံပြီး ၆ ဦးက ကန့်ကွက်ခဲ့တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များဟာ ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်တာ၊ ကလေးငယ်များအပေါ် ရက်စက်ကြမ်းကြုတ်တာ၊ အတင်းအဓမ္မ နေရပ်စွန့်ခွာ ထွက်ပြေးစေခိုင်းတာ တွေကို တရားရုံးက တွေ့ရှိပြီး အထောက်အထားများအရ ရိုဟင်ဂျာ ၁ သောင်းခန့် သတ်ဖြတ်ခံခဲ့ရ တယ်လို့ တရားရုံးက ပြောပါတယ်။
ယခု သမိုင်းဝင်စီရင်ချက်ဟာ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီတဲ့ လူများ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ဆယ်စုနှစ်တစ်ခု နီးပါးအကြာမှာ ICJ တရားရုံးက နိုင်ငံတစ်နိုင်ငံအနေဖြင့် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပထဆုံးအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။