နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လာမယ့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် ပြော

လာမယ့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် ပြော

Hsan Loi Editor
19/11/2026
Share:

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လာမယ့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် က ပြောပါတယ်။

ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး အခုလိုထည့်သွင်းပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၈ ခုနှစ် ပြည်ထောင်စုနေ့ ဝန်းကျင်ကာလအတွင်း ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပနိုင်ဖို့ စီစဥ်ထားပြီး ယင်းလုပ်ငန်းစဥ်အတွက် NSPNC ကို တာဝန်ပေးအပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်း ၁၆၀ ဆောင်ရွက်ခဲ့ကာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပဏာမသဘောတူညီချက် ၄၃ ချက် ရရှိပြီး အဲ့ဒီအချက်တွေကို လွှတ်တော်မှာ ဆွေးနွေးနိုင်ရေး တင်ပြထားတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ လမ်းတံတား၊ ဆက်သွယ်ရေးကွန်ယက် အပါအဝင် အခြေခံအဆောက်အအုံ များစွာ ထိခိုက်ပျက်စီးကာ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၃၉၈ ဒသမ ၂၅၁ ဘီလီယံရှိတဲ့အတွက် ပြန်လည်တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေ များစွာ လိုအပ်တယ်လို့ သူကပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခများအတွင်း PDF နဲ့ အချို့ EAO အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူပိုင် အဆောက်အအုံတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲရတယ်လို့ ပြစ်တင်ပြောဆိုပြီး ယခုလုပ်ဆောင် ချက်တွေကို အချို့ EAO တွေ သေချာသုံးသပ်ရှုမြင်နိုင်ဖို့ လိုအပ်ပြီး နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရာမှာ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုမရှိစေဖို့ အလေးထားရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဖက်ဒရယ်စနစ်မှာ ပေါင်းစည်းနေထိုင်ရေးနဲ့ အာဏာခွဲဝေကျင့်သုံးရေးဟာ အရေးကြီးပြီး မိမိတို့နိုင်ငံမှာ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ဦးစားပေး ဖော်ဆောင်သွားမယ်လို့ အာဏာသိမ်း သမ္မတ က ပြောကြားသွားပါတယ်။