သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လွတ်လပ်ရေးအခမ်းအနားကပြန်လာသည့် ALP စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်စောမြ အပါအဝင် ALPအရာရှိသုံးဦး စစ်တွေမြို့ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံး

လွတ်လပ်ရေးအခမ်းအနားကပြန်လာသည့် ALP စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်စောမြ အပါအဝင် ALPအရာရှိသုံးဦး စစ်တွေမြို့ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံး

Hsan Loi Editor
04/01/2023
Share:

 

စစ်တွေမြို့တွင် စစ်ကောင်စီမှကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး ပြန်လာသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(ALP) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်စောမြ အပါအဝင် ALPအရာရှိသုံးဦး စစ်တွေမြို့ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။

ALP စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်စောမြ၊ စစ်တွေတာဝန်ခံ တပ်ရင်းမှူး ကျော်စိုးနှင့် ဗိုလ်သူရိန်ထက်တို့သုံးဦးသည် စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ALP ရုံးသို့အပြန် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ငါးစိုင်းရိုင်းကျောင်းရှေ့၌ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက် သတင်းအရင်းအမြစ်များက ဖော်ပြသည်။

ALPသည် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ ယခု ပစ်ခတ်ခံရသည့် ALP စစ်ဦးစီးချုပ်သည် စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည့် ALP ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/