နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA နဲ့ပူးပေါင်းခဲ့တဲ့ လီဆူတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ဝင် ၂၀၀ စစ်ကောင်စီထံအလင်း ဝင်

TNLA နဲ့ပူးပေါင်းခဲ့တဲ့ လီဆူတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ဝင် ၂၀၀ စစ်ကောင်စီထံအလင်း ဝင်

Hsan Loi Editor
11/11/2026
Share:
TNLA နဲ့ပူးပေါင်းခဲ့တဲ့လီဆူတပ်ဖွဲ့ဝင်တွေအယောက် ၂၀၀ ဟာ စစ်ကောင် စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်မှာ အလင်းဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တပ်ဖွဲ့ဝင် ၂၀၀ ဦးအပြင် AK-47၊ M22၊ Type 81 လက်နက်ပေါင်း ၈၄ လက်၊ ပစ္စတို ၃ လက်၊ 7.62 mm ကျည် ၁၄၆၀ တောင့်နဲ့ 9 mm ကျည် ၇ တောင့် စတဲ့ လက်နက်ခဲယမ်း အများအပြား ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
လီဆူဗျူဟာမှူး ဦးဂူဆီး ဦးဆောင်တဲ့ တပ်ဖွဲ့အယောက် ၂၀၀ အလင်းဝင်ခြင်းအခန်းအနား ကိုစစ်ကောင်စီက နိုဝင် ဘာလ ၁၀ ရက်နေ့မှာ မိုးကုတ်မြို့၊ ပတ္တမြားမြေ မိုးလုံလေလုံ အားက စားခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။
May be an image of dais and text
မိုးကုတ်၊ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေမှာ TNLA နဲ့အတူ ပူးပေါင်းဆင်နွှဲခဲ့ပြီးနောက် အဆင်မပြေမှုများစွာ ရှိခဲ့တာကြောင့် အခုလို စစ်တပ်နဲ့ လာရောက်ပူးပေါင်းရခြင်း ဖြစ်ပြီး လီဆူငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး မိုးကုတ်မြို့ လုံခြုံရေးတာဝန်ကို စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးဂူဆီးကပြောပါတယ်။
နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း ကျန်ရှိနေတဲ့ လီဆူတိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုလို လာရောက် အလင်းဝင်ပူးပေါင်းဖို့ကိုလည်း သူကဆက်လက် တိုက်တွန်းထားပါတယ်။
TNLA ဘက်ကတော့ လီဆူတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ဝင်ပေါင်း အယောက် (၅၀) ကျော်သာ အလင်းဝင်သွားတာဖြစ်ပြီး လီဆူတပ် ဖွဲ့ဝင်တွေဟာ လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ခဲ့မှုကြောင့် လီဆူတပ်ဖွဲ့နဲ့ ကင်းကွာပြီ ဖြစ်သလို ဦးဂူဆီး တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ဖိနှိပ်တာတွေ ပြုလုပ်လာရင်တော့ အရေးယူဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ အောက်တိုဘာလမှာ သတိပေး ထုတ်ပြန်ထားပါတယ်။
လီဆူတပ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း မိုးကုတ်၊ မိုးမိတ်ဒေသတို့မှာ TNLA နဲ့ ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်သိမ်းပိုက်ခဲ့ပြီးနောက် မိုးကုတ်မြို့စောင့်တပ်ဖွဲ့အဖြစ် တာဝန်ယူခဲ့သလို ယခုအခါစစ်ကောင်စီထံအလင်းဝင်ပြီးနောက် လည်း လီဆူငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး မိုးကုတ်မြို့ လုံခြုံရေးတာဝန်ကို စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့သိ ရပါတယ်။