နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လာမယ့်နှစ် ဧပြီလအတွင်း မြို့နယ် ၃၄ ခုက လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ဟု UEC ထုတ်ပြန်၊ ရခိုင်ပြည်နယ် ပါဝင်ခြင်းမရှိ

လာမယ့်နှစ် ဧပြီလအတွင်း မြို့နယ် ၃၄ ခုက လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ဟု UEC ထုတ်ပြန်၊ ရခိုင်ပြည်နယ် ပါဝင်ခြင်းမရှိ

Hsan Loi Editor
06/11/2026
Share:

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်အချို့ အပါအဝင် စုစုပေါင်း မြို့နယ် ၃၄ ခုမှာရှိတဲ့ လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာ အတွက် လာမယ့် ၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ယခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ဒေသတွေထဲမှာ သျှမ်းပြည်နယ်အတွင်းက ကျောက်မဲ၊ မိုင်းဖြတ်နဲ့ မိုင်းပန် မြို့နယ်တို့ အပါအဝင် ကချင်၊ ချင်း၊ မွန်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ တနင်္သာရီ စတဲ့ တိုင်း/ပြည်နယ်အတွင်းက မြို့နယ်တွေလည်း ပါဝင်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၅၅ နယ်ထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၄ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၅ နယ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၆ နယ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

သတိပြုစရာအချက်အနေနဲ့ ယခင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတုန်းက လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၅၆ ခုအနက် ၉ ခုသာ ယခု ကြားဖြတ်ရွေးကောက်ပွဲ စာရင်းမှာ ပြန်လည်ပါဝင်လာတာဖြစ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၁၀ ခုလုံးဟာ ယခုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် စာရင်းမှာ ပါဝင်လာခြင်း မရှိသေးတာကို တွေ့ရပါတယ်။