နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုကို စစ်ကောင်စီက တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ပြီး မွေးကင်းစ ကလေးအပါအဝင် ၁၂ ဦးသေဆုံးကာ ၃၀ကျော် ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုကို စစ်ကောင်စီက တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ပြီး မွေးကင်းစ ကလေးအပါအဝင် ၁၂ ဦးသေဆုံးကာ ၃၀ကျော် ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
02/11/2026
Share:
ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနေ မြို့နယ် ၄ ခုကို စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်တည်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး တစ်နှစ်အထက် ကလေးငယ် အပါအဝင် လူကြီး လူငယ် စုစုပေါင်း ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
May be an image of text
နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲ ချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် လမ်းသွားလမ်းလာ အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
May be an image of text
အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၂၇ မိနစ်အချိန်ခန့်မှာ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီ ဆေးကုခန်းနဲ့ သားဖွားဆောင် တို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ Cluster ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဖော်ပြထားပါတယ်။
May be an image of text
ဒါ့အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကိုလည်း ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် ၁၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့သလို ယင်းနေ့ နံနက် အစောပိုင်းက ဝီရဌာနေ (ပေါက်တော)မြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာတို့ကို Y-12 လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
May be an image of lumberyard and text
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနေ မြို့နယ်တွေမှာ ရှိတဲ့ အများပြည်သူသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများနဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ပြီး အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
No photo description available.
No photo description available.
May be an image of one or more people
Photo – AA Info Desk