သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ အခြေခံပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ပြင်းထန်ကြမ်းလွန်းမှုများအား ပြင်းထန်စွာ ကန့်ကွက်သည်ဟု အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)ကထုတ်ပြန်ထားသည်။

သျှမ်းမြောက်တွင်စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အချုပ်အခြာအာဏာကို ယာယီအားဖြင့် အစားထိုးလည် ပတ်ခြင်းကို မိမိတို့အနေဖြင့် နားလည်လက်ခံပေးနိုင်သော်လည်း လက်ရှိ ကျူးလွန်မှုများအတွက် ပြင်းထန်စွာကန့်ကွက်ထားသည်။
မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှလက်ရှိ အကောင်အထည်ဖော်နေသော ဘာသာစကား ၊ မြေယာပိုင်ဆိုင်မှု ၊ နိုင်ငံခြားသားများ ဝင်ရောက်လွှမ်းမိုးမှု ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်မှု များ သည်ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
MNDAA မှ ဌာဌာနေတိုင်းရင်းသားများအပေါ် ဒေသအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော အသုံးပြု လေ့မရှိသော ဘာသာစကားကို ရုံးသုံး ဘာသာစကား အပြင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မဖြစ်မနေအသုံးပြုရန်ဖိအားပေး စေခိုင်းခြင်း ။ ဘိုးဘွားစဥ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သောဒေသခံများ၏ တည်ဆဲမြေယာပိုင်ဆိုင်မှုစနစ်များကို ဒေသခံလူထု၏သဘောဆန္ဒမပါပဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲ ခြင်းနှင့်သိမ်းဆည်းခြင်း။
MNDAA က ပြဌာန်းလိုက်သော မြေယာဥပဒေအပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေအရပ်ရပ်သည် နိုင်ငံခြား သားများ အတားအဆီး မရှိ ဝင်ရောက် လာနိုင်စေခြင်းနှင့် နိုင်ငံခြားသားများမြေပိုင်ဆိုင်ခွင့် ရရှိစေမည့် တိုက်ရိုက် နှင့်သွယ်ဝိုင်နည်းလမ်းများအသုံးပြုမှုများ ရှိနေသည်ဟု ထုတ်ပြန်အရသိရသည်။
ထို့အပြင် မြို့ရွာအမည် ၊ အများပြည်သူနှင့်သက်ဆိုင်သော သောဆိုင်းဘုတ်အမျိုးမျိုးကို အခြားဘာသာစကားဖြင့် အတင်းအကျပ် အစားထိုးပြောင်းလဲခြင်း နှင့် အဆိုပါလုပ်ရပ်များကို ငြိမ်းချမ်း စွာကန့်ကွက်သည့် ဒေသခံများကိုဖမ်းဆီးခြင်း ဖိနှိပ် ခြိမ်းခြောက် ခြင်းများပါပြုလုပ်နေကြောင်း ဆိုထားသည်။
အထက်ပါ လုပ်ရပ်များကို အမြဲအတည်သဘောဖြင့် အတင်း အကျပ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပြီး မိမိတို့လေးနက်စွာကျင့်သုံး လျှက်ရှိ သော “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု ” (Manifesto of Peaceful Coexistence) ကိုသာမက မိအိတို့မျှော်မှန်းသည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံမူများကို တိုက်ရိုက် ချိုးဖောက်ရာ ရောက်နေသည့်အပြင် ဒေသခံပြည်သူများ၏ မြေယာပိုင်ဆိုင်ခွင့်အပါအဝင် အခြေခလူ့အခွင့်အရေးများကို စိုးရွားစွားထိခိုက်နေ ပြီး လူမျိုးရေးပဋိပက္ခ များကို ကြီးထွားလာရန်တွန်းအားပေး သလိုဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။
လူထုနှင့်ဆန့်ကျင်သော အတင်းအကျပ် ပြောင်းလဲမှုများကို ချက်ခြင်းရပ်တန့်ရန်တောင်းဆို ထားပြီး ဆက်လက်လုပ်ဆောင်ပါက ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ် ရန် လိုအပ်သော တုန့်ပြန်များပြုလုပ်သွားမည်ဟု SSJAC က ထုတ်ပြန်ထားသည်။
