နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၅ နှစ်ကျော်ကြာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရတယ်လို့ သား ကင်မ်အဲရစ်ပြော

၅ နှစ်ကျော်ကြာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရတယ်လို့ သား ကင်မ်အဲရစ်ပြော

Hsan Loi Editor
23/10/2026
Share:
၅ နှစ်ကျော်ကြာမှ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်၊မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ပါတယ်။
May be an image of phone, the Oval Office and text
အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ မေမေ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြပါ” လို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်း ၂ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၅၀ မိနစ်အထိ မိနစ် ၂၀ ကြာ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်း နဲ့ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှ တစ်ဆင့် တယ်လီဖုန်းဖြင့် အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Photo – DKKS