နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲ၊ သီပေါနဲ့ ငါန်းဇွန် (၃)မြို့နယ်မှအပ ကျန်တဲ့ ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်တိုး

ကျောက်မဲ၊ သီပေါနဲ့ ငါန်းဇွန် (၃)မြို့နယ်မှအပ ကျန်တဲ့ ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်တိုး

Hsan Loi Editor
20/10/2026
Share:

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တို့မှအပ ကျန်မြို့နယ် ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ အထိ နောက်ထပ်သက်တမ်း တိုးမြင့်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ကာကွယ် ရေး ဦးစီးချုပ်ရုံးက ယမန်နေ့ညက ထုတ်ပြန်ကြေငြာထား ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားတဲ့ မြို့နယ်များအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်တွေ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့တဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သျှမ်းမြောက် ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ် တို့မှအပ ကျန်မြို့နယ်တွေကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြင့်လိုက်တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုးဖို့အတွက် သမ္မရုံးက သဘောတူညီချက်တောင်းခံပြီး အောက်တိုဘာလ ၁၆ ရက်က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ယင်းအမိန့်ကို ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးဖို့ အမိန့်ထုတ်ပြန် တာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ထားတဲ့ မြို့နယ် ၅၅ မြို့နယ်မှ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်ချုပ်သစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံ အပ်နှင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုးထားတဲ့ သျှမ်းပြည်နယ်အတွင်းက မြို့နယ်တွေထဲမှာ “ဝ”တပ်UWSA၊ မိုင်းလားတပ် NDAA၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်တယ်လို့ သိရပါတယ်။

Photo – MOI