နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းလေးတွင် ဘုရားဆွဲလှေမှ ရေထဲပြုတ်ကျ သော ကျောင်းသားတစ်ဦး သေဆုံး လျှက်ပြန်လည်တွေ့ရှိ

အင်းလေးတွင် ဘုရားဆွဲလှေမှ ရေထဲပြုတ်ကျ သော ကျောင်းသားတစ်ဦး သေဆုံး လျှက်ပြန်လည်တွေ့ရှိ

Hsan Loi Editor
17/10/2026
Share:
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် မြေနီကုန်းရွာအနီးတွင် အောက်တိုဘာလ ၁၆ ရက်၊ နံနက်ပိုင်းက ဘုရားဆွဲလှေမှ ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေသော Grade-12 ကျောင်းသားတစ်ဦး သေဆုံးလျှက်ပြန်လည်တွေ့ ရှိခဲ့ကြောင်းသိရသည် ။May be an image of kayak, temple and crowd
အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူ ငါးဖယ်ချောင်းကျေးရွာမှ ကြေးစားကုန်းကျေးရွာသို့ ကြွချီစဉ် ယနေ့ နံနက် ၈ နာရီခန့်က ကျွန်းကြီးကျေးရွာအုပ်စု၊ မြေနီကုန်း ကျေး ရွာအနီး အရောက်တွင် လယ်သစ် (အောက်ရွာ)၊ ငါးဖယ်ချောင်းအုပ်စုနေ ကျန်းမာရေးမကောင်းသူ အသက် ၁၆ နှစ်အရွယ် Grade-12 ကျောင်းသား မောင်ကြယ်စင်လင်း ရေထဲ ပြုတ်ကျခဲ့ပြီးပျောက်ဆုံးသွားကြောင်း သိရသည်။May be an image of boat, crowd and temple
အဆိုပါ ကျောင်းသား ပြုတ်ကျသည့်နေရာတွင်ပရဟိတကယ ဆယ်ရေးအဖွဲ့ဝင်များမီးသတ်တပ်ဖွဲ့ဝင်များ ဒေသခံများမှ
ဝိုင်း ဝန်းရှာဖွေလျက်ရှိရာ မွန်းလွှဲ (၃) နာရီအချိန်ခန့်တွင် သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။May be an image of boat and crowd
ဘုရားပွဲကျင်းပရာ အောက်တိုဘာလ ၁၃ ရက်ကလည်း အင်းလေးကန်ဒေသ၊ ဟဲယာရွာမတွင် ဘုရားပွဲ လိုက်ပါ လာသော လှေယဉ်တစ်စီး ရေဝင်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သေးပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
Photo – အောက်တိုဘာလ ၁၃ ရက်က၊ဟဲယာရွာမတွင်လှေမှောက်သည့်မြင်ကွင်း