သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နှင့် သီပေါမြို့ကိုစစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်စွဲဖြင့် စစ်အုပ်ချုပ်ရေးပြန်လည်ရုတ်သိမ်း ထားကြောင်းကြေ ငြာထားသည် ။
ထုတ်ပြန်ချက်အရ ကျောက်မဲမြို့နှင့် သီပေါမြို့ကို(ရက်၉၀)မတိုင်ခင် ၄ရက်အလို တွင်ယခုကဲ့သို့ထုတ်ပြန် ခြင်းဖြစ်ပြီး သျှမ်းမြောက် ၁၅ မြို့နယ်အနက် ၂ မြို့နယ်သာအကျုံးဝင်ကြောင်းဖော်ပြထားသည် ။
စစ်ကောင်စီက၂၀၂၆ ဧပြီ ၂၃ ရက်တွင် သျှမ်းပြည်မြောက်ပိုင်းက မြို့နယ် ၁၅ ခုအပါအဝင် စုစုပေါင်း ၆၀ မြို့နယ်ကို အရေးပေါ်အခြေအနေစစ်အုပ်ချုပ်ရေး သတ်မှတ်ခဲ့သည် ။
အဆိုပါမြို့နယ် ၁၅ ခုမှာ သျှမ်းမြောက် နမ္မတူမြို့ နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့ နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့ နယ်၊ သီပေါမြို့နယ်၊မိုင်းလားမြို့နယ်တို့ဖြစ်သည် ။
စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် သျှမ်းမြောက်တိုက်ပွဲတွေပြင်းထန်လာပြီး နယ်မြေထိန်းချုပ်မှုကို ပြန်လည်တည်ဆောက်ဖို့ စစ်အုပ်ချုပ်ရေးကို အသုံးပြုလာခြင်းဖြစ်သည် ။