သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် အုပ် ချုပ်ရေးမှုတစ်ဦးနေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်စစ်ကောင်စီတပ်က ရွှေဥမင်ဘုရားအနီး ညဈေးပွဲတော်တွင် အဝင် အထွက် လမ်းများကို ပိတ်ဆို့ကာ ပွဲလာသူ ပြည်သူများကို ဖမ်းဆီးစစ် ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
” ပင်းတယညစျေးပွဲတော် မှာစစ်တပ်က လုံခြုံရေး တွေအပြည့်ယူပြီး သူတို့ ပဲသေနတ်ပစ်ဖောက်တာ ၊ အကြောင်းအရင်းက တော့ ပျူစောထီးခေါင်း ဆောင် အုပ်ကြီးလုပ်ကြံခံရပြီးသေလို့ ပွဲ ကလူတွေကို လာမဲတာ ၊ ပွဲထဲက လူတွေကိုပိတ်စို့စစ်ဆေးတာတွေလုပ်တယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။
ဖြစ်စဉ် မှာအောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေး ရွာ၌ နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဝင်းမောင် ၏ နေအိမ်အတွင်းသို့ အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဝင်းမောင်သည် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
ယင်းနောက် ည ၁၀ နာရီဝန်းကျင်တွင် ပင်းတယ ညဈေးပွဲတော်အတွင်း သေနတ်ပစ်ဖောက်သံများ ထွက်ပေါ်လာခဲ့ပြီး စစ်တပ်က ပွဲလာရောက်သူများ ပြန်လည်ထွက်ခွာ၍ မရနိုင်စေရန် အဝင်အထွက် လမ်းကြောင်းများကို ပိတ်ဆို့စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
သေနတ်သံများကြောင့် ညဈေးပွဲတော်အတွင်း လာရောက်လည်ပတ်သူ ပြည်သူများ ထိတ်လန့်တကြား ရုပ်ရုပ်သဲသဲ ထွက်ပြေးခဲ့ကြရသည် ဟုဆိုသည်။
နေအိမ်တွင် လုပ်ကြံခံရသည့် အုပ်ချုပ်ရေးမှူး ဝင်းမောင်သည် စစ် အာဏာသိမ်းပြီးနောက် ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်တပ်ခန့် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်ဟုဒေသခံများထံမှ သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယ နှင့် ရွာငံမြို့နယ် တို့တွင်ဖြစ်ပွားနေသောလုပ်ကြံ သတ်ဖြတ်မှုများကြောင့် ယခု နှစ်ထဲ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၆ ခုနှစ်မေလနှင့်ဇွန်လအတွင်း ဒေသတွင်း မီဒီယာများ နှင့် ေဒသခံများ ၏ အချက်အလက်များအရ မေလအတွင်း ရွာငံမြို့နယ်တွင် ကျေး ရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် အရပ် သား၉ ဦး အသတ်ခံခဲ့ရပြီး၊ ဇွန်လအတွင်း ရွာငံနှင့် ပင်းတယမြို့နယ်တို့တွင် နောက်ထပ် ၃ ဦး(စံသီးကုန်းရွာ အုပ်ချုပ်ရေးမှူး အပါ အဝင်) အသတ်ခံခဲ့ရပြီး နောက်ထပ် ၂ ဦးထပ်မံအသတ်ခံ ခဲ့ရ ကြောင်း သိရသည်။
ဓနုဒေသအတွင်း သတ်ဖြတ်မှုဖြစ်စဉ်အများစုတွင် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသလို၊ ကျူးလွန်သူကိုလည်း ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် သတင်းပေးဒလန်ရှင်းလင်းသည်ဟူသည့်ခေါင်းစဉ်အောက်တွင် စစ်ကောင်စီနှင့်အမှန်တကယ်ပတ်သက်ဆက်နွယ်ခြင်းမရှိသည့်လူပုဂ္ဂိုလ်များသည်လည်း ရောထွေး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များစွာလည်းရှိနေသည်။
ဓနုဒေသတွင် စစ်ကောင်စီ၏ အထိုင်တပ်စခန်းများ၊ ဗျူဟာကုန်းများနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ဒေသခံ ပျူစောထီး/ပြည်သူ့စစ်တပ်ဖွဲ့များ နယ်မြေစိုးမိုးရေးအတွက် အဓိက လှုပ်ရှားနေကြပြီး ၄င်းအပြင် ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး/တပ်မတော်(DPLF/DPLA )နှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DPDF တို့လည်း ၄င်းနယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။