နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ မလေးရှားခရီးစဥ် ယနေ့စတင်

အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ မလေးရှားခရီးစဥ် ယနေ့စတင်

Hsan Loi Editor
07/10/2026
Share:

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ မလေးရှားခရီးစဥ်ကို ယနေ့ အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းမှာ နေပြည်တော်လေဆိပ်ကနေ အထူးလေယာဥ်နဲ့ စတင်ထွက်ခွာသွားခဲ့ပါတယ်။

ခရီးစဥ်အတွင်းမှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကိစ္စရပ် တွေ ဆွေးနွေးသွားဖို့ရှိတယ်လို့ နေပြည်တော်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာ−မလေးရှား နှစ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ ဦးစီး ကျင်းပတဲ့ အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ကာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဖို့၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့နဲ့ အကျိုးတူ စီးပွားရေး အခွင့်အလမ်းသစ်တွေ ဖော်ထုတ်နိုင်ဖို့ စတာတွေ အားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီခရီးစဥ်မတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်က မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို မလေးရှားအစိုးရနဲ့ မြန်မာအာဏာပိုင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အဆိုပါ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ မပါဝင်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ဘေးကင်းလုံခြုံစွာ ပြန်လည် ပို့ဆောင်ဖို့ သင့်လျော်တဲ့ အခြေအနေမရှိသေးဘူးလို့ ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)ကလည်း မင်းအောင်လှိုင် ရဲ့ မလေးရှားခရီးစဥ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီး စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို တရားဝင်အသိအမှတ် မပြုဖို့နဲ့ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်တဲ့ အခြေအနေ ရှိလာတဲ့အထိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်မှုကို ဆိုင်းငံ့ထားရန် တောင်းဆိုထားပါတယ်။