နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး မီးပုံးပျံ ကွင်းရှေ့ ဆိုင်ကယ်ပြင်ဆိုင် မီးလောင်

တောင်ကြီး မီးပုံးပျံ ကွင်းရှေ့ ဆိုင်ကယ်ပြင်ဆိုင် မီးလောင်

Hsan Loi Editor
05/10/2026
Share:
တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၃)၊ ကျောက် တစ်လုံးလမ်း ၊ အဝေရာမီးပုံးပျံကွင်းရှေ့က ရေဆေးဆီလိုက် နှင့် ဆိုင်ကယ်ပြုပြင်ရေးဆိုင် တစ်ဆိုင် ယနေ့နံနက် ၄ နာရီ ကျော်ခန့်က မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
” မီးလောင်သွားတဲ့အိမ်က မီးပုံးပျံ ကွင်းရှေ့ကကား show room ၊ EV ကား charging သွင်းတဲ့နေရာရဲ့ မြောက်ဘက် မျက်စောင်းထိုးနေရာ street bar ရဲ့ ကပ်လျှက်ပဲ ၊ဘေးက ဂစ်က်ဆိုင် တွေ စားသောက် ဆိုင်တွေ လည်းရှိတယ်ဗျ ၊တော်သေး မီးသတ် ၂ ကားရောက်တာစောလို့ ” ဟု ၄င်းနေရာအနီးနေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါမီးလောက်မှုသည် ရေဆေးဆီလိုက် နှင့် ဆိုင်ကယ်ပြုပြင်ရေးဆိုင်ဖွင့်ထားသောနေအိမ်မှ အောက် ထပ် လှေခါးအနီးတွင် ဖုန်းပါဝါဘန့်အား အားသွင်းထားရှိရာမှအပူလွန်ကဲကာနေအိမ်မီးကူးစက် လောင် ကျွမ်းခြင်းဖြစ် ကြောင်း တောင်ကြီး မီးသတ်ဌာနမှ စုံစမ်းသိရသည်။
အခင်းဖြစ်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင် နှင့် မီးသတ်ကား(၄)စီး၊ ရေသယ်ကား ၁ စီး ရောက်ရှိ ကာ ငြိမ်းသတ်ခြင်းကြောင့် မနက် ၅ နာရီ ကျော် အချိန်တွင် မီးငြိမ်းသတ်နိုင်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ်/အောက်ထပ်အပါအဝင် လူ့အသုံးအဆောင်ပစ္စည်းများ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ကာ ကာလ တန်ဖိုးငွေ ၂၀ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူ/ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။