နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး အဆင်းလမ်း တွင် ရွှေတောင်ရိုး ခရီး သည်တင် ကားတစ်စီး ချောက်ထဲကျခါနီးဖြစ်ပွား

တောင်ကြီး အဆင်းလမ်း တွင် ရွှေတောင်ရိုး ခရီး သည်တင် ကားတစ်စီး ချောက်ထဲကျခါနီးဖြစ်ပွား

Hsan Loi Editor
28/09/2026
Share:

တောင်ကြီး-အေးသာယာ အဆင်းလမ်းပဆောက်ကွေ့တွင် ယနေ့ နေ့လည်၂ နာရီ ခွဲဝန်းကျင်က တောင်ကြီး – ရန်ကုန် ရွှေတောင်ရိုး ခရီးသည်တင် ကားတစ်စီး ချောက်ထဲကျခါနီးဖြစ်ပွားခဲ့ကြောင်းသိရသည် ။

” ရွှေတောင်ရိုးကရှေ့ကကားကိုရှောင်ရင်း လမ်း ချော်ပြီးချောက် ထဲကျခါနီးဖြစ်သွားတာ ဓါတ်တိုင်ခံနေလို့ ကားမကျတာခရီး သည် တွေပါတယ် ၊ အဆင်းလမ်းက ဖြစ်နေကျပဲ မိုးကရွာတော့ လမ်းကချော်တယ် အကွေ့များတယ် သတိထားမောင်း ဖို့လိုမယ်” ဟု မျက်မြင်တွေ့သူတစ်ဦးကပြောသည် ။

အဆိုပါ ဖြစ်စဥ်တွင် လူထိခိုက်မှု မရှိ ကြောင်းသိရပြီး ကူညီကယ်ဆယ်ရေးအသင်း များက သွားရောက်ကူညီခဲ့ကြောင်းသိရသည် ။

ယခုလ (၃) ရက်နေ့ကလည်း ယာဉ်တစ်စီးလမ်းဘေးချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် အဖြူရောင်ဗန်ကားတစ်စီး လမ်းဘေးမြေသားလမ်းအတိုင်း ချောက်ထဲသို့ ကျဆင်းသွားခဲ့ကြောင်းသိရသည် ။

တောင်ကြီး-အေးသာယာ အဆင်းလမ်းသည် အကွေ့အကောက်နှင့် အတက်အဆင်းများပြားသဖြင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ကားများလမ်းချော်၍ ချောက်ထဲပြုတ်ကျသည့် ဖြစ်စဉ်အပြင်၊ တွဲကားများ ဘရိတ်ပေါက်၍ တိုက်မိသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးကြောင်းသိရသည် ။