နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်အစိုးရက စက်သုံးဆီ တင်သွင်းမှု လျှော့ချလိုက်တာကြောင့် ပြည်တွင်း၌ စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၀၀ ကျော် မြင့်တက်လာ

စစ်အစိုးရက စက်သုံးဆီ တင်သွင်းမှု လျှော့ချလိုက်တာကြောင့် ပြည်တွင်း၌ စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၀၀ ကျော် မြင့်တက်လာ

Hsan Loi Editor
28/09/2026
Share:

စစ်အစိုးရက ပြည်ပကနေ စက်သုံးဆီ တင်သွင်းမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်တာကြောင့် ယနေ့ စက်တင်ဘာလ ၂၅ ရက်မှာ ပြည်တွင်း စက်သုံးဆီစျေးဟာ တစ်လီတာကို ကျပ် ၆၀၀ ကျော် မြင့်တက်လာခဲ့ပါတယ်။

ယနေ့ စက်သုံးဆီ ဈေးနှုန်းတွေအရ 92 အမျိုးအစား တစ်လီတာကို ၄,၄၅၀ ကျပ်၊ 95 အမျိုးအစား တစ်လီတာကို ၄,၆၀၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ၄,၇၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ်ဆီ တစ်လီတာကို ၅,၇၉၅ ကျပ်အထိ ရောက်ရှိသွားခဲ့ပြီး ဒါဟာ အရင်ရက်တွေနဲ့ ယှဉ်ရင် ဓာတ်ဆီ တစ်လီတာကို ကျပ် ၆၅၀ ဝန်းကျင်နဲ့ ဒီဇယ်ဆီ တစ်လီတာကို ကျပ် ၇၀၀ ကျော်အထိ တစ်ရက်တည်းမှာတင် မြင့်တက် သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို စက်သုံးဆီဈေးတွေ ရုတ်တရက် ထိန်းမရအောင် တက်သွားတာဟာ သန်လျင် ရေနံချက်စက်ရုံ ပြန်လည်ပတ်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပက စက်သုံးဆီ တင်သွင်းမှုကို စစ်အစိုးရ က လျှော့ချလိုက်တာကြောင့် ဖြစ်တယ်လို့ စက်သုံးဆီ အသိုင်းအဝိုင်းက ဝေဖန်ထောက်ပြ ပြောဆိုခဲ့ကြ ပါတယ်။

စစ်အစိုးရဘက်ကတော့ သန်လျင် အမှတ်(၁) ရေနံချက်စက်ရုံ ပထမအဆင့် စမ်းသပ်လည်ပတ် နေတာကြောင့် ပြည်ပက ဆီတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းထုတ် ဆီတွေနဲ့ အစားထိုး ဖြန့်ဖြူး ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ လာမယ့် ၅ နှစ်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့ ပြောဆိုနေပေမဲ့ လက်ရှိမှာတော့ စက်သုံးဆီတင်သွင်းမှု လျှော့ချလိုက် တာနဲ့အမျှ ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ စံချိန်တင် မြင့်တက်သွားပြီး ပြည်သူတွေအနေနဲ့ စိုက်ပျိုး၊ ထုတ်လုပ်ရေးအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်နဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ အခက်အခဲတွေ ချက်ချင်း ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။