နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်သူ တရုတ် ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦးကို ဆက်စပ်ပစ္စည်းနဲ့အတူဖမ်းဆီးရမိ

တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်သူ တရုတ် ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦးကို ဆက်စပ်ပစ္စည်းနဲ့အတူဖမ်းဆီးရမိ

Hsan Loi Editor
12/09/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည် လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅ ဦး အပါအဝင် စုစုပေါင်း ၅၆ ဦးအား ဆက်စပ်ပစ္စည်းနဲ့အတူ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
May be an image of one or more people, table and text
ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၅၆ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
May be an image of table and text
ဒါ့အပြင် အွန်လိုင်းလိမ်လည် လုပ်ငန်းလည်ပတ်ရာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်တွေဖြစ်တဲ့ ကွန်ပျူတာ မျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
May be an image of car and text that says 'တရားမဝင် အွန်လိုင်းလောင်းကစားမှ လုပ်ကိုင်သည့်နေရာတွင် လုပ်ကိုင်သည့် လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖမ်းဆီးရမိမှု 3H2113 3 3H-2 時 09/09/2026,00:33 00-33 4N6888'
လက်ရှိဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေ များနဲ့အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ကျားဖြန့်လုပ်ငန်း ပပျောက်ရေးနဲ့ မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။