နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မော်တော်ယာဥ်များ စုံ/မ ရက် မောင်းနှင်ရတဲ့စနစ် ယနေ့မှစပြီး ပယ်ဖျက်၊  ဆီဖြည့်တင်းရာမှာတော့ QR Quota စုံ/မ စနစ် ဆက်လက်ကျင့်သုံးမည်

မော်တော်ယာဥ်များ စုံ/မ ရက် မောင်းနှင်ရတဲ့စနစ် ယနေ့မှစပြီး ပယ်ဖျက်၊ ဆီဖြည့်တင်းရာမှာတော့ QR Quota စုံ/မ စနစ် ဆက်လက်ကျင့်သုံးမည်

Hsan Loi Editor
09/09/2026
Share:

ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနဲ့ စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဥ် သုံးစွဲမှုကို စုံ/မ စနစ် ကျင့်သုံးခဲ့ရာကနေ ယနေ့မှစပြီး ပြန်လည်ပယ်ဖျက်ပေးလိုက်တယ်လို့ အာဏာသိမ်း အစိုးရ က ထုတ်ပြန်ထားပါတယ်။

စုံ/မ စနစ်ကျင့်သုံးတဲ့အတွက် စွမ်းအင်ချွေတာနိုင်ပေမယ့် ပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်စေတာကြောင့် လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဥ်များ စုံ/မ ရက် ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို ပယ်ဖျက်ပေးလိုက်ပြီလို့ အာဏာသိမ်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

သို့ပေမယ့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနဲ့ အများပြည်သူအကျိုးအတွက် မော်တော်ယာဥ် ဆီဖြည့်သွင်းရာမှာ QR Quota စုံ/မ စနစ်ကို ဆက်လက်ကျင့်သုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။