နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လွိုင်လင်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် ၂ လုံးမီးလောင်

လွိုင်လင်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် ၂ လုံးမီးလောင်

Hsan Loi Editor
08/09/2026
Share:
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် ယနေ့ နေ့လည်ပိုင်းက ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် ၂ လုံးမီးလောင် မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” ဖုန်းအားသွင်းရင်းမီးလောင်တာ ရေနှံဆီတွေ ဝ နေတဲ့ ပျဥ်ထောင်အိမ်တွေဖြစ်တော့ ထင်းရှူးမီးလောင်နေသလိုပဲ စိတ်မကောင်းပါဘူး လူထိခိုက်မှုတော့မရှိပါဘူး” ဟု ဒသခံတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုအား ရပ်ကွက်နေ ပြည်သူများ နှင့် လွိုင်လင်ခရိုင် မီးသတ်မှ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နာရီဝက် အတွင်း မီးငြိမ်းသွားခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးကာလူထိခိုက် မှုမရှိကြောင်း သိရသည်။