နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးတွင် အနှိပ်ခန်းဖွင့်ထားသော နေအိမ်တစ်လုံး မနေ့ညက မီးလောင်

တောင်ကြီးတွင် အနှိပ်ခန်းဖွင့်ထားသော နေအိမ်တစ်လုံး မနေ့ညက မီးလောင်

Hsan Loi Editor
06/09/2026
Share:
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ အနှိပ်ခန်းဖွင့်ထားသောနေအိမ်တစ်လုံး မနေ့ စက်တင်ဘာလ ၄ ရက်၊ည ၁၀ နာရီ ကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်သော နေအိမ်သည် ကံကြီးရပ်ကွက် နယ်မြေ (၃)၊ ဇောတိကလမ်း ၊ မသက်ထမင်း ဆိုင် အနီးတွင်ရှိကာ ယခင်က စစ်ဘေးရှောင်မိသားစု တစ်စု နေထိုင်ကြပြီးပိုင်ရှင်သစ်မှထပ်မံငှားရမ်းပြီးနောက် အနှိပ်ခန်း ဖွင့်ထားသည်မှာ တစ်လ လောက်သာရှိသေးကြောင်း ရပ်ကွက်နေ ပြည်သူများထံမှသိရသည်။
” မီးလောင်တဲ့ အိမ်က အနှိပ်ခန်းဖွင့်ထားတာ ၁ လ လောက်ပဲရှိသေးတယ် ၊ အနှိပ်ခန်းဆိုတော့ မိန်းက လေးငယ်တွေအများကြီးရှိပြီး ညဆိုအပြင်လူတွေလာသောက်စားကြတာမျိုးတွေရှိပါတယ် ညနက်မှ ကားဟွန်းတီးပြီး လာကြတာမျိုးတွေနေ့တိုင်းရှိပါတယ် ၊ ” ဟု ရပ်ကွက်နေပြည်သူ တစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားချိန်သည် နာရီဝက်ခန့်သာကြာမြင့်ပြီး ၄င်းအိမ်နှင့် ဘေးကပ်လျှက်အိမ်ကိုလည်း မီးအနည်းငယ်ကူးစက်ခဲ့ပြီး ပြတင်းပေါက် မှန်ကွဲကာ မျက်နှာ ကျတ်များမီးစတင်ကူးစက်ချိန်တွင် မီးသတ် ကားများရောက်လာခြင်း ကြောင့် ဘေးလွတ်ခဲ့ ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုသည် မီးပလပ်ခုံမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ကာနေအိမ်မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ်/အောက်ထပ်အပါအဝင် လူ့အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မီးသတ်ဖွဲ့ထံမှ သိရသည်။
ထို့အပြင် မီးပေါ့ဆစွာ အသုံးပြုသူအား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။