နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

“ဝ”တပ်က ဖမ်းဆီးရမိတဲ့ ကျပ် ၁ ဒသမ ၃၉၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေး

“ဝ”တပ်က ဖမ်းဆီးရမိတဲ့ ကျပ် ၁ ဒသမ ၃၉၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေး

Hsan Loi Editor
06/09/2026
Share:
“ဝ” တပ် UWSA က ဖမ်းဆီးရမိတဲ့ ကျပ် ၁ ဒသမ ၃၉၁ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ နံနက်ပိုင်းက သျှမ်းရှေ့၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာမှာ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်း က သူ့ရဲ့လူမှုကွန်ယက်မှာ သတင်းထုတ်ပြန် ထားပါတယ်။
May be an image of one or more people, people studying, table and text
May be an image of one or more people and text that says 'စစ်ဒေသ (၁၇၁) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဖမ်းဆီးရဖိ သက်ဆိုင်ရာအစိုးရက ဇင်ရာများချု်မို့(၂၆) G) ကြိမ်မြောက်လွှဲ ိင်ရာများ HAK HAKTEX ΓΙΕX KRESNAING 171 CUB PA PREET KRAUNG PAAWP, AWP, UIK, AP TAWX K/ ပူးယစ်ဆေးဝါးများကို ခြင်း အခမ်းအနား။ FK PA FKPAAWP, AWP, BAWG (26). ၄.၉.၂၀၂၆'
May be an image of oatmeal cookies and text that says 'စစ်ဒေသ (၁၇၁) ဖူးယစ်ဆေးငါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ ทา(า) ကြိမ်မြောက် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနား။ HAK TIEX PRAOG, KRUWAIN KRUNAING171,C CUB PA PREET ΡΑ ΥΕΚ PA AWP, KRALIN YOEK PAAWP, UIK, AP TAWX KA ASO YAX, BAWG (26). ၄.၉.၂၀၂၆'
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးတာဟာ ၂၆ ကြိမ်မြောက် လွှဲပြောင်းပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
May be an image of one or more people and text that says 'မူးယစ်ဆေးဝါးတို့ ဌာနဆိုင်ရာများထို NG, KRU OG,KRUN N AWP, 'UNG'
ယခုမူးယစ်ဆေးဝါးကို သြဂုတ်လ ၂၈ ရက်နေ့က ပုံပါကျင်မြို့ BP-1 စခန်းနဲ့ မာစံဖော”ဝ”စခန်းကြား နေရာမှာ UWSA ရဲ့ စစ်ဒေသ(၁၇၁)က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းတွေဖြစ်တဲ့ မက်သာဖက်သမင်း နဲ့ စိတ်ကြွရူးသွပ်ဆေးပြား အပါအဝင် စုစုပေါင်း တန်ဖိုးကျပ် ၁ ဒသမ ၃၉၁ ဘီလီယံ ရှိတယ်လို့ဖော်ပြထားပြီး တရားခံတွေကတော့ ထိုင်းနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
May be an image of one or more people, clarinet and text
ဒီမူးယစ်ဆေးဝါးတွေကို UWSA ရဲ့ စစ်ဒေသ(၁၇၁)က မူးယစ်တိုက်ဖျက်ရေးဌာနမှူး ဦးဆွိထွမ်း က လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ခလရ(၆၅) ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းတင် က လက်ခံရယူခဲ့လို့ ဆိုပါတယ်။
Photo – Nyi Rang