နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် ရဲ့ ဗီယက်နမ်ခရီးစဥ် ယနေ့စတင်

အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် ရဲ့ ဗီယက်နမ်ခရီးစဥ် ယနေ့စတင်

Hsan Loi Editor
06/09/2026
Share:
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဗီယက်နမ် ခရီးစဥ်ကို ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှာ စတင်ထွက်ခွာခဲ့ပါတယ်။
May be an image of one or more people and text
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း ရဲ့ ဖိတ်ကြားချက်အရ သွားရောက် တာဖြစ်ပြီး ခရီးစဥ်အတွင်း ဗီယက်နမ်နိုင်ငံသမ္မတနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပတာ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံတာအပြင် စီးပွားရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။‎
May be an image of one or more people and text
ဒါ့အပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ရှိနေပြီး ဗီယက်နမ်နိုင်ငံရှိ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကို သွားရောက်လေ့လာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခု အာဏာသိမ်း သမ္မတ ရဲ့ ဗီယက်နမ် ခရီးစဥ်ဟာ အာဆီယံဒေသထဲက တတိယမြောက်နိုင်ငံ ခရီးစဥ်ပဲ ဖြစ်ပါတယ်။

Photo:PPIB