နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ခိုး ဆိုး လု နှိုက် ပေါများလာသည့် ကျိုင်းတုံမြို့ အထိ ခရီးသွားလုပ်ငန်းတိုးချဲ့လာမယ့်အပေါ် ဒေသခံများစိုးရိမ်

ခိုး ဆိုး လု နှိုက် ပေါများလာသည့် ကျိုင်းတုံမြို့ အထိ ခရီးသွားလုပ်ငန်းတိုးချဲ့လာမယ့်အပေါ် ဒေသခံများစိုးရိမ်

Hsan Loi Editor
06/09/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ယခုနှစ်များထဲ ခိုး ဆိုး လုနှိုက်မှုများ ပေါများလာပြီး ဒေသအာဏာပိုင်တွေက ခရီးသွားလုပ်ငန်းတိုးချဲ့လာမယ့်အပေါ် ဒေသခံများစိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
May be an image of horizon and twilight
ကျိုင်းတုံမြို့ထဲကို ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်နဲ့ မယ်ဆိုင်မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ “နယ်စပ်ဖြတ်သန်းခွင့် (Border Pass – အစိမ်းရောင်စာအုပ်)” ကို အသုံးပြုပြီး ၁၄ ရက်တာ တည်းခိုနေထိုင်ခွင့်ကို ဒေသအာဏာပိုင် တွေက စီစဥ်နေတယ်လို့ သိရပါတယ်။
“ ကျိုင်းတုံမြို့မှာ ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာရင် ဒေသစီးပွားရေးအတွက် အကျိုးရှိလာဖို့ မျှော်လင့် ပေမဲ့ အဓိကအရေးကြီးဆုံးကတော့ လုံခြုံရေးပါပဲ၊လက်ရှိ ကျိုင်းတုံမြို့မှာ ခိုးမှု၊ လုယက်မှုနဲ့ အခြား ရာဇ ဝတ်မှုတွေ ဖြစ်ပွားနေတဲ့အခြေအနေတွေကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်၊ အထူးသဖြင့် လူကုန်ကူးမှု၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ မသမာမှုတွေကို ထိထိရောက်ရောက် ရှင်းလင်းနိုင်မှသာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ ယုံကြည်စိတ်ချစွာ လာရောက်လည်ပတ်နိုင်မှာ” လို့ ကျိုင်းတုံမြို့ခံတစ်ဦးက ပြောပါတယ်။
May be an image of motorcycle, temple, monument and text
ဗဟိုအစိုးရရဲ့ မူဝါဒအရလို့ဆိုပြီး တာချီလိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အုပ်ချုပ်ရေးပိုင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနတွေက ကျိုင်းတုံမြို့အထိ ခရီးသွားလုပ်ငန်းတိုးချဲ့ဖွင့်လှစ်နိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို မကြာသေးခင်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
May be an image of temple and text
ဒါ့အပြင် ရှေ့လာမယ့်ကာလမှာလဲ တာချီလိတ်မြို့ကို “ရှမ်းပြည်သို့ ဝင်ပေါက်မြို့” အဖြစ် လုံခြုံစိတ်ချရသော ခရီးသွားဒေသတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ မျှော်မှန်းထားပြီး ဂျပန်၊ ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေက ခရီးသွားတွေပါ ယုံကြည်စိတ်ချစွာ လာရောက်လည်ပတ်နိုင်ရမယ်လို့လည်း အာဏာပိုင်အဖွဲ့က ဆိုပါတယ်။
May be an image of tree
မယ်ဆိုင်မြို့နယ်က အိမ်ထောင်စုစာရင်းရှိသူတွေကို ထုတ်ပေးထားတဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass)စာအုပ်နဲ့ တာချီလိတ် ကနေ ကျိုင်းတုံ အထိ သွား ရောက်နိုင်ပြီး ၁၃ ည ၁၄ ရက်နေ့အထိ တည်းခိုနေထိုင်ခွင့် ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
No photo description available.
ယခုနှစ်ထဲ ကျိုင်းတုံမြို့မှာ ဓားပြမှုနဲ့ ရွှေဆိုင်ပိုင်ရှင်၊ ကုန်စုံဆိုင်ပိုင်ရှင်တွေကို ပြန်ပေးဆွဲမှုတွေဟာ ၅ ကြိမ်နဲ့အထက် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ခိုးယူမှုနဲ့ လုယက်မှုတွေ မကြာခဏဖြစ် ပွားနေတယ်လို့ ဒေသခံတွေရဲ့ အချက် အလက်တွေအရ သိရပါတယ်။