နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

RCSS အဖွဲ့ထံ ပူးပေါင်းဝင်ရောက်လာသော PNLA တပ်သား (၃၇) ဦးအား ၎င်းတို့မိသားစုထံပြန်နိုင်ရေး PNO ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ဟုဆို

RCSS အဖွဲ့ထံ ပူးပေါင်းဝင်ရောက်လာသော PNLA တပ်သား (၃၇) ဦးအား ၎င်းတို့မိသားစုထံပြန်နိုင်ရေး PNO ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ဟုဆို

Hsan Loi Editor
06/09/2026
Share:
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထံ လာရောက်ပူးပေါင်းတဲ့ PNLA တပ်ဖွဲ့ဝင် ၃၇ ဦးကို ၎င်းတို့၏ မိသားစုဆီ ပြန်နိုင်ရေးအတွက် လက်နက်နဲ့အတူ PNO ပြည်သူ့စစ်ထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့တယ်လို့ RCSS ရဲ့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
May be an image of one or more people and text
“ PNLA တပ်ဖွဲ့ဝင်တွေကို PNO ထံ ပြန်လည်လွှဲပြောင်းပေးတာ ဟုတ်ပါတယ်၊ လာရောက်ပူးပေါင်းတဲ့ PNLA တပ်သားတွေက သူတို့မိသားစုဆီပြန်ချင်လို့ တောင်းဆိုကြလို့ စီစဉ်ပေးရတာပါ။ သူတို့နေရပ်ဖြစ်တဲ့ ဆီဆိုင်ဘက်ကို ပြန်ချင်တာဖြစ်လို့ PNO နဲ့ ချိတ်ဆက်ပြီး သြဂုတ်လ ၃၁ ရက်နေ့က မောက်မယ်မြို့နယ်၊ ကဒူးကြီးအုပ်စုထဲက နားဟီးကျေးရွာမှာ PNO တပ်ဖွဲ့က လာရောက်ကြိုဆိုတာပါ” လို့ RCSS နယ်မြေ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
PNLA တပ်ဖွဲ့ဝင် ၃၇ ဦးအပြင် လက်နက် ၃၇ လက်ပါ RCSS က PNO ပြည်သူ့စစ်ထံ လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး ကျန်သူတွေကတော့ မောက်မယ်မြို့နယ်၊ ဟိုနမ့်အုပ်စုထဲက ဖြစ်တာကြောင့် မိမိအစီအစဥ်နဲ့ ပြန်သွားကြတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
May be an image of one or more people and text
PNO ပြည်သူ့စစ် အစီအစဥ်နဲ့ အလင်းဝင်လာတဲ့ PNLA တပ်ဖွဲ့ဝင် ၃၇ ဦးကို ဟိုပုံးတပ်နယ်မှာ ခေတ္တထားပြီး ယမန်နေ့က စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ ပူးပေါင်းပြီး လက်နက်ချ အလင်းဝင်တဲ့ အခမ်းအနား တစ်ရပ်ပြုလုပ်ပြီး နေရပ်ပြန်ပို့ပေးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က ဗိုလ်မှူးအဆင့်ရှိသူနဲ့ ရဲဘော်အချို့အပါအဝင် ၎င်းတို့ မိသားစုနဲ့အတူ စုစုပေါင်း ၇၈ ဦးက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထံ လာရောက်ပူးပေါင်းခဲ့ ကြောင်း သိရပါတယ်။

Photo – PNA