နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာလူငယ်တွေ ပြည်ပထွက်နေတာ တိုင်းပြည်အတွက် နစ်နာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

မြန်မာလူငယ်တွေ ပြည်ပထွက်နေတာ တိုင်းပြည်အတွက် နစ်နာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

Hsan Loi Editor
06/09/2026
Share:

မြန်မာနိုင်ငံက လူငယ်တွေ တိုင်းတစ်ပါးနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံတော် အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ Naypyitaw State Academy မှာ ကျင်းပပြုလုပ်တဲ့ ထူးချွန်ကျောင်းသား/သူ ဆုပေးပွဲ အခမ်းအနားမှာ သူက အခုလိုထည့်သွင်းပြောသွားတာပါ။

ဒါ့အပြင် လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို အသုံးချပြီး နိုင်ငံနဲ့ လူမျိုးအတွက် ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့ တိုက်တွန်းထားသလို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေ သိရှိလိုက်နာပြီး မှန်ကန်တဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံကို အကျိုးပြု နိုင်အောင် ကြိုးစားကြဖို့ ပြောကြားခဲ့ပါတယ်။

မြန်မာလူငယ်တွေ အခုလို ပြည်ပကို အစုလိုက်အပြုံလိုက် ထွက်ခွာနေကြတာဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ နဲ့ ပြည်တွင်းပြည်ပ သုတေသနအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် အသက်သွင်းလိုက်ပြီး နောက်ပိုင်း စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်လူရွယ်တွေဟာ ပြည်ပသို့ ပိုမိုထွက်ခွာသွားခဲ့ကြတာပါ။