နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အမေရိကန်နဲ့ အီရန်တို့ စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိ

အမေရိကန်နဲ့ အီရန်တို့ စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိ

Hsan Loi Editor
15/06/2026
Share:
လပေါင်းများစွာကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအဆုံးသတ်ရေးမူဘောင်တစ်ရပ်ကို အမေရိကန်နဲ့ အီရန်တို့ တနင်္ဂနွေနေ့က သဘောတူညီချက်ရရှိသွားပြီလို့ လာမယ့် သောကြာနေ့ (ဇွန်လ ၁၉)ရက်မှာ နောက်ဆုံးအတည်ပြုလက်မှတ် ရေးထိုးသွားဖို့ရှိတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ သဘောတူညီချက် အောင်မြင်စွာ ရရှိသွားပြီ” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့သလို အီရန်အမျိုးသား လုံခြုံရေးကောင်စီကလည်း လပေါင်းများစွာ ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရပြီးနောက် အမေရိကန်နဲ့ သဘောတူညီချက် အချောသတ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
သမ္မတ ထရမ့်ရဲ့ ပြောကြားချက်အရ ဒီသဘောတူညီချက်ကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာဖြစ်ပြီး အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့ထားတဲ့ အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုတွေကိုလည်း ချက်ချင်းဖယ်ရှားဖို့ သူကိုယ်တိုင် ခွင့်ပြုမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
May be an image of the Oval Office
ဒီသဘောတူညီချက်ကို အီရန်နဲ့ အမေရိကန် အကြား ကြားဝင်စေ့စပ်ပေးတဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဝန်ကြီးချုပ်က အတည်ပြုကြေညာတာဖြစ်ပြီး လာမယ့်သောကြာနေ့မှာ ဆွတ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ်ရေးထိုးကြမှာပါ။
သဘောတူညီချက်ရဲ့ စာသားအပြည့်အစုံကို ထုတ်မပြသေးပေမဲ့ တာဝန်ရှိသူတွေရဲ့ အဆိုအရ နှစ်ဖက်စလုံးဟာ ၆၀ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လုံးဝ ရုပ်သိမ်း ပေးရေးစတဲ့ အချက်တွေကိုတော့ ဆက်လက်ဆွေးနွေးဆုံးဖြတ်ဖို့ ချန်ထားခဲ့ကြပါတယ်။
ဒီအပစ်အခတ်ရပ်စဲရေးဟာ အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ဆင်ရေးတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတာပါ။ ဆွေးနွေးပွဲမှာမပါဝင်ခဲ့တဲ့ အစ္စရေးဘက်ကတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးသေးပါဘူး။
Source: The New York Times