နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်းတယ တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြန် ကျေးရွာအုပ်ချုပ်ရေးမှုး ခန့်အပ်မည်ကိုပင် ထိတ်လန့် နေရ

ပင်းတယ တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြန် ကျေးရွာအုပ်ချုပ်ရေးမှုး ခန့်အပ်မည်ကိုပင် ထိတ်လန့် နေရ

Hsan Loi Editor
15/06/2026
Share:

သျှမ်းပြည်‌တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊စံသီးကုန်းကျေးရွာအုပ် ချုပ်ရေးမှူးဦးကျော်ဇောဆိုသူ သတ်ဖြတ်ခံရကြောင်းဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့်ဇွန်၁၃ရက်ညပိုင်းတွင်စံသီးကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောအားအမည်မသိလူတစ်စုက အကြောင်းမဲ့သတ်ဖြတ်သွားခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့်ယခုကဲ့သို့ လာရောက်လုပ်ဆောင်သွားသည်ကိုမူ တိတိကျကျ မသိရသေးကြောင်း သတင်းရင်းမြစ်ကဆိုသည် ။

” အရင်ကတောင်ရိုးလူကြီးပင်းတယမြို့နယ်ထဲ့ကဦးကျော်ငြိမ်းကိုသတ်သွားတဲ့လူတွေ့နဲ့တစ်ပုံစံထဲပဲ ဘာကြောင့်လုပ်ကြတယ်တော့ သေချာမသိပေမဲ့ခုက ကျေးရွာအုပ်ချုပ်ရေးမှုး ခန့်အပ် မယ်ဆိုရင် တောင်လူတွေက ထိတ်လန့်ပြီး ရှောင်ကုန်ကြပြီ ” ဟု ၄င်းကပြောသည် ။

ယခုနှစ်ပိုင်းအတွင်း ပင်းတယနှင့်ရွာငံမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများသာမက အရပ် သားများပါသတ်ဖြတ်ခံရသည့်ဖြစ်စဉ်များမကြာ ခဏဖြစ်ပွားလာ ကြောင်းသိရသည် ။

ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းများကလည်း အုပ်ချုပ်ရေးကိစ္စများမလုပ်ချင်သောကြောင့် နည်းလမ်းအမျိုးမျိုးဖြင့်ခေါင်းရှောင်ထွက်ခြင်း၊ သာသနာ့ဘောင်သို့ ဝင်သွားခြင်း ကျန်းမာရေး အကြောင်း ပြကာ ဘေးထွက်နေခြင်းများ ရှိနေကြောင်းသိရသည် ။

အဆိုပါ သတ်ဖြတ်မှုဖြစ်စဉ်အများစုတွင်မည်သည့်အဖွဲ့အစည်း က လုပ်ဆောင်သည်ကိုထုတ်ပြန် ကြေ ညာခြင်းမရှိသလို၊တရား ခံ ကိုလည်းဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက်ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။