တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့ ဖိတ်ကြားချက်အရ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဥ် သွားရောက်မယ်လို့ သိရပါတယ်။
ခရီးစဥ်အတွင်းမှာ တရုတ်သမ္မတနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ကရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ တို့နဲ့ တွေ့ဆုံတာ၊ ပြည်နယ်အကြီးအကဲနဲ့ စီးပွားရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံသွားဖိုရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စီးပွားရေးကွန်ဖရင့် တက်ရောက်ဖို့ရှိပြီး အဆင့်မြင့် နည်းပညာသုံး စက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီခရီးစဥ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတ ရာထူး ရယူပြီးတဲ့နောက် ဒုတိယမြောက် ပြည်ပ ခရီးစဥ်ဖြစ်ပြီး သမ္မတရာထူးနဲ့ ပထမဆုံး ပြည်ပခရီးစဥ်ကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှ ဇွန်လ ၃ ရက်နေ့ အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး အိန္ဒိယသမ္မတနဲ့ ဝန်ကြီးချုပ် မိုဒီ တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အခုခရီးစဉ်အတွင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ နေပြည်တော် အစိုးရ က ထုတ်ပြန်ထားပါတယ်။