သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို တုတ်ဖြင့်ရိုက်သတ်ကာ ဆိုင်ကယ်လုယူသွားသည့် တရားခံကို (၃)ရက်အကြာတွင် ဖမ်းဆီးရမိထားကြောင်း သတင်းသိရသည် ။
ပြီးခဲ့သည့် ရက်ပိုင်းက လားရှိုးမြို့ပေါ်တွင် လူတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် လမ်းတွင် တုတ်ဖြင့် အရှိန်ပြင်းစွာ ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယူခံရကြောင်း လားရှိုးသတင်းရင်းမြစ်ထံမှ သိရသည် ။
ရိုက်နှက်လုယက်ခံရသူမှာ မည်သည့်နေရာတွင် အရိုက်ခံခဲ့ရသည်ကိုပင် ပြန်လည်ပြောဆိုနိုင်ခြင်းမရှိသည်အထိ ဒဏ်ရာပြင်းထန်ခဲ့ပြီး ထိုဒဏ်ရာအရှိန်ကြောင့် ဆေးရုံ၌ ကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရိုက်လုသည့် တရားခံအား အမှုဖြစ်ပွားပြီး ၃ရက်အကြာတွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်ကြောင့် လားရှိုးနယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ) ၆၆/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ထားပြီး၊ ဖမ်းဆီးရမိထားသည့် တရားခံကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Photo-credit local