နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းမှာ မိုးကြီး၍ စိုက်ခင်းများပျက်စီး

ပင်လောင်းမှာ မိုးကြီး၍ စိုက်ခင်းများပျက်စီး

Hsan Loi Editor
07/06/2026
Share:
သျှမ်းပြည်နယ်တောင်ပိုင်း ဒေသအချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံတွေရဲ့ စိုက်ခင်းတွေ ရေကြီးနှစ်မြှုပ်ပြီး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
May be an image of water hyacinth and grass
ယမန်နေ့ ဇွန်လ ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ်၊ လုံးပိုး ကျေးရွာအုပ်စုအတွင်းရှိ နောင်ကားခေါင်းကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ဒေသခံတောင်သူများရဲ့ စိုက်ခင်းများအားလုံး ရေဖုံးလွမ်းသွားပြီး ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
No photo description available.
May be an image of grass
No photo description available.
“ပျက်စီးသွားတဲ့ စိုက်ခင်းတွေထဲမှာဆိုရင် ဒေသတွင်း အဓိက အားထား စိုက်ပျိုးတဲ့ ပြောင်း၊ ပဲနဲ့ ခရမ်းချဉ်သီး စတဲ့ စိုက်ခင်းတွေဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ဆုံးရှုံးမှု အမြောက်အမြား ကြုံတွေ့နေရတယ်” လို့ ဆိုပါတယ်။
အလားတူ တောင်းကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ တောင်လေးလုံးကျေးရွာမှာလည်း မိုးတောက်လျှောက် ရွာတဲ့အတွက် ယမန်နေ့ ညနေပိုင်းက တာယောချောင်းရေ လျှံတက်လာကာ ရေကြီးရေးလျှံမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“တောင်လေးလုံးမှာ ဒီလိုမျိုး ရေကြီးရေလျှံဖြစ်တာ တခါမှ မကြုံဖူးဘူး၊ ဒီတခေါက် တော်တော် ဆိုးတယ်” လို့ ရွှေညောင်မြို့ခံတစ်ဦးက ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
May be an image of body of water
တာယောချောင်းရေ လျှံတက်မှုကြောင့် လူထိခိုက်သေဆုံးတာမရှိပေမယ့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ရေစီးအားကြောင့် အုတ်တံတိုင်းပြိုကျမှုတွေဖြစ်တဲ့အထိ ရှိတယ်လို့ သိရပါတယ်။
လက်ရှိ မိုးတွင်းကာလဖြစ်တဲ့အတွက် သျှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ဒေသခံစိုက်ပျိုးတောင်သူ တွေအနေနဲ့ ရေကြီးရေလျှံမှု အန္တရာယ်နဲ့ စိုက်ခင်းများ ပျက်စီးနိုင်တဲ့ အခြေအနေတွေကို ကြိုတင်သတိပြု ပြင်ဆင်ကြဖို့ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
Photo – ဒေသခံ