နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်က ကျေးရွာ ၃ ရွာမှ နေအိမ် ၈၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်က ကျေးရွာ ၃ ရွာမှ နေအိမ် ၈၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

Hsan Loi Editor
04/06/2026
Share:
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာမှ နေအိမ် ၈၀ ကျော်ကို အာဏာသိမ်း စစ်အုပ်စုက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယမန်နေ့ ဇွန်လ ၃ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
May be an image of text that says 'K.N.D.F မတ်လ တ်လ(၂၈)ရက်နေ့တွင်ဘူးဒူကျေးရှာ ဘူးခူကျေးရွာ မိးရှို့ ရှိ့ဖျက်ဆီးခံထားရစဉ် (၂၈) ရက်နေ့တွင်'
စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက ၂၀၂၆ ခုနှစ် မတ်လမှ မေလအတွင်း ကျေးရွာ ၃ ရွာခန့်ရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ ဖရူဆိုမြို့နယ် ဘူးခူကျေးရွာဖက်သို့ စစ်ကြောင်းဝင်ရောက်စဥ် မတ်လ ၂၈ ရက်နေ့က ဒေသခံတွေရဲ့ နေအိမ် ၁၆ လုံး၊ မေလ ၆ ရက်နေ့က ထားလဲကျေးရွာမှ နေအိမ် ၆၀ ကျော်၊ မေလ ၇ ရက်နေ့က ပရယ်တော်ရွာမှ နေအိမ် ၄ လုံးတို့အား စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရာဇဝတ် မှုများ ကျူးလွန်လုပ်ဆောင်ခဲ့တယ်လို့ KNDF က ဖော်ပြထားပါတယ်။
May be an image of ‎map and ‎text that says '‎စစ်ကောင်စီတပ်များမှ အရပ်သားနေအိမ် െ+ အကြောင်းမဲ့ မီးရှိ့ဖျက်စီးခြင်း ကရင်နီပြည်နယ် ကရင်နီပြည်နယ်၊မရုတို့မြို့နယ် မရ္ုဆိုမြို့နယ် ၃-ဇွန်လ.၂၀၂၆ ဗီးလောင်ပျက်စီးခဲ့သော အရပ်သားနေအိပ် အရေအတွက် ርር+ မိးရှို့ခံရသော နေအိပ်များ နေအိပ်များတည်ရှိရာ တည်ရှိရာ ကျေးရွာအရေအတွက် २ စစ်ကောင်စီမှ စစ်ကြောင်းထိုး မိးရှိခဲ့သည့် ကာလ အချက်အလက်များ မီးရှိုခံနေအိမ်များ တည်ရှိရာ မြို့နယ် 全星品白维 ဘူးခူကျေးရွာ ထားလဲကျေးရွာ ဖယ်စုံ ပရယ်တော်ကျေးရွာ မီမောဇဒို ရွှားတော အရပ်သားနေအိပ် +ל စီးလောင်ပျက်စီးခဲ့ အရပ်သားနေအိပ် G0+ မီးလောင်ပျက်စီးခဲ့ အရပ်သားနေအိပ် G မီးလောင်ပျက်စီးခဲ့ ဗဘာလစဲ ၂၈မတ်လ၂၀၂၆ ၂၈ မတ်လ ဖားဆောင်း မေလ မယ်ခဲံ ၇မေလ၂၀၂၆ 2 မေလ ၂၀၂၆‎'‎‎
ဒါ့အပြင် မေလ ၃၁ ရက် ညပိုင်းနဲ့ ဇွန်လ ၁ ရက် နံနက်ပိုင်းတို့မှာ ဖရူဆိုမြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ တာကြောင့် နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့တယ်လို့ သိရပါတယ်။
May be an image of lumberyard and text that says '၂၀၂၆ ၂၀၂၆ခုနှစ်၊မေလ (၇)ရက်နေ့တွင်ပရယ်တော်ရွာ ၆်စေ်၊ေ၀ေရွ်ရွေ်တွော်တွာ ပရယ်တော်ရွာ မီးရှိ့ဖျက်ဆီးခံထားရခြင်း'
လက်ရှိ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက် ခြေကုပ်စခန်းများ၊ စစ်ကြောင်းများနဲ့ စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်ရာ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်တာတွေ
လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရတာကြောင့် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေတယ်လို့ သိရှိရပါတယ်။