နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းအဆိုကို ပြည်ထဲရေးဝန်ကြီး လွှတ်တော်သို့ တင်သွင်း

လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းအဆိုကို ပြည်ထဲရေးဝန်ကြီး လွှတ်တော်သို့ တင်သွင်း

Hsan Loi Editor
04/06/2026
Share:

ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်အထိ ချမှတ်နိုင်မယ့် “ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်း” ကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ယမန်နေ့ ဇွန်လ ၃ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးသို့ အဆိုအဖြစ်တင်သွင်းခဲ့ကြောင်း သိရပါတယ်။

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် ဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ အီလက်ထရောနစ် ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများ၊ ဆက်သွယ်ရေး အော်ပရေတာများနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူများအကြား သံသယဖြစ်ဖွယ် အကောင့်တွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ Application Programming Interface-APF) မှတဆင့် အပြန်အလှန် ချိတ်ဆက်ပြီး သတင်းအချက်အလက်ဖလှယ်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး က ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုတွေကို ကြိုတင်တားဆီးကာကွယ်နိုင်မယ့်အပြင် ကျုးလွန်ခံရပြီး နှစ်နာသူ ဆုံးရှုံးသွားတဲ့ ငွေကြေးစီးဆင်းမှုတွေကို အာဆီယံရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့တို့နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်ဖလှယ်ကာ အချိန်မီ ပိတ်သိမ်းတာတွေ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကျူးလွန်သူကို လည်းထိထိရောက်ရောက် အရေးယူနိုင်မယ်လို့ ဆိုပါတယ်။

ဒီဥပဒေမူကြမ်းမှာ အွန်လိုင်းလိမ်လည်မှုမှာ ပြစ်မှုထင်ရှားသူကို အမိန့် တစ်ရပ်ထက် ပိုပြီး တရားရုံးက အမိန့်ချမှတ်နိုင်ကာ သံသယရှိသူတွေကို နိုင်ငံသားစိစစ်ရေးကဒ်တွေနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုရုံတင်မက UID ကဒ်တွေနဲ့ပါ စိစစ်အတည်ပြုတာအပြင် အွန်လိုင်းမှ တိုက်ရိုက်စစ်ဆေး အတည်ပြုတာတွေပါ လုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် အဆိုတင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါက ပြင်ဆင်လိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ချုပ်ထံ ဇွန်လ ၅ ရက်နေ့ နောက်ဆုံးထား အမည်စာရင်းပေးပို့ဖို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြောထားပါတယ်။