နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက် မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတား နယ်စပ်ကုန်သွယ်ရေးဂိတ် တရားဝင် ပြန်လည်ဖွင့်လှစ်

မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက် မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတား နယ်စပ်ကုန်သွယ်ရေးဂိတ် တရားဝင် ပြန်လည်ဖွင့်လှစ်

Hsan Loi Editor
03/06/2026
Share:
ထိုင်း−မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါလှတဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ မြဝတီ−မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။
နယ်မြေမတည်ငြိမ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ ကတည်းက ယာယီပိတ်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်က ကန့်သတ်ချက်တွေနဲ့ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီး အခုခါမှာတော့ တရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။May be an image of road and text that says 'nation THE'
ယမန်နေ့ ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာမှာလည်း မြဝတီ အမှတ်(၂)ချစ်ကြည် ရေးတံတားသည် ကုန်စည်ပို့ဆောင်ရေး ယာဥ်များကို ပြန်လည်လက်ခံဆောင်ရွက် ပေးနေပြီဖြစ်ကာ အဆိုပါ ဂိတ်မှတဆင့် ဖြတ်သန်းမယ့် ကုန်စည်တွေအတွက် (Export/ Import) လိုင်စင်တွေကိုပါ ပြန်လည်ထုတ်ပေးနေပြီလို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှ တင်ပို့မယ့် ကုန်အများစုမှာ တိရစ္ဆာန်အစာ၊ ပြောင်း၊ ထောပတ် သီး၊ ကွမ်းသီးနဲ့ ကြက်သွန်နီ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံမှ တင်သွင်းမယ့် ကုန်စည်များကတော့ ကနဦးအနေနဲ့ လူသုံးကုန်ပစ္စည်းများ၊ အခြေခံ စားသောက်ကုန်များနဲ့ စက်မှုကုန်ကြမ်းများ အပါအဝင် ထိုင်းဘတ်ငွေ ၆၂၀ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းတွေကို မြဝတီအမှတ် (၂) တံတားဂိတ်မှ တဆင့် တင်သွင်းရန် သွင်းကုန်လိုင်စင်များ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
“ မြဝတီအမှတ် (၂) တံတား ပြန်လည်ဖွင့်လှစ်တာဟာ ထိုင်း−မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းတစ်ခုဖြစ်တယ်လို့” ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP)မှ ညွှန်ကြားရေးမှူးချုပ် မစ္စ ဆူနန်တာ က ပြောပါတယ်။
ဒါ့အပြင် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်စစ်ဆေးရေးဂိတ် အားလုံးမှတစ်ဆင့် ကုန်ပစ္စည်းများ မတင်ပို့မီ (သို့မဟုတ်) မတင်သွင်းမီ ပို့ကုန်/သွင်းကုန်လိုင်စင်များ ကြိုတင် လျှောက်ထားသင့်ကြောင်း သူမက အကြံပြု ပြောကြားထားပါတယ်။
Photo – The Nation