သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ် ကွက်တွင်ကျားဖြန့်လုပ်ကိုင်နေသည့် တရားမဝင်တရုတ်နိုင်ငံသားနှင့်မြန်မာ ၂၈ ဦးကို ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းဖမ်းဆီးရမိကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည် ။
ယမန်နေ့ မေလ ၂၈ ရက်၊ ညနေပိုင်းက စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း အွန်လိုင်း လိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာအွန်လိုင်း လိမ် လည်လောင်းကစားမှု (ကျားဖြန့်) ကျူးလွန်လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုး သား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုး သား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ကို ဖမ်းဆည်းရမိကြောင်း သိရသည် ။
ထို့အပြင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန် ရာ တွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန် ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power Station (အသေး) ၁လုံး ၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
” မန့်ဝိန်းရပ်ကွက် ဖက်မှာလဲကျားဖြန့်တွေကို မနက်ပိုင်းက ဝင်ဖမ်းတယ် အချုပ်ကားရဲကားစစ်ကားတွေနဲ့ ဝင်ဖမ်းတယ် သတင်းတက်လာတော့ အဲ့ကမဟုတ်ပြန်ဘူး ” ဟု မူဆယ်သတင်းရင်းမြစ်ကပြောသည် ။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်ရာတွင် ပါဝင်ပတ်သက်သည့် တရားမဝင် ပြည်ပ နိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေ များနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည် ။