ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

မောက်မယ်မြို့မှာ သျှမ်းစာပေသင်တန်း တက်ရောက်သင်ကြားသူ ယခင်နှစ်တွေထက် ၂ ဆပိုများလာ

မောက်မယ်မြို့မှာ သျှမ်းစာပေသင်တန်း တက်ရောက်သင်ကြားသူ ယခင်နှစ်တွေထက် ၂ ဆပိုများလာ

Hsan Loi Editor
25/05/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မှာ သျှမ်းစာပေသင်တန်း တက်ရောက်သင်ကြားတဲ့ ကျောင်းသား/သူဟာ ယခင်နှစ်တွေထက် ပိုများလာတယ်လို့ မောက်မယ်မြို့ သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းထံမှ စုံစမ်းသိရပါတယ်။
May be an image of child, studying and text
ယဥ်ကျေးလိမ္မာဗုဒ္ဓဘာသာနဲ့ နွေရာသီ သျှမ်းစာပေသင်တန်းဟာ မြို့နယ်သံဃာတော်နဲ့ မောက်မယ် သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းတို့ ပူးပေါင်းကျင်းပလာခဲ့သည်မှာ ၆ ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
May be an image of studying and text
ယခင်နှစ် နွေရာသီ သျှမ်းစာပေသင်တန်းမှာ တက်ရောက်သင်ကြားတဲ့ ကျောင်းသား/သူ ဦးရေ ၂၀၀ ခန့် ရှိရာကနေ ယခုနှစ်မှာတော့ ကျောင်းသား/သူ ဦးရေ ၆၀၀ ကျော်ရှိတဲ့အတွက် ၂ ဆ ပိုများလာတယ်လို့ သိရပါတယ်။
May be an image of one or more people, people studying and text
ယခုနှစ် နွေရာသီ သျှမ်းစာပေသင်တန်းကို မြို့ပေါ် ၇ ရပ်ကွက်အပြင် နားသဲ၊ မိုင်းယုမ်း၊ ပုန်းလောင်း၊ တင်ကုန်း၊ ရွာသစ်နဲ့ နောင်ခမ်းကျေးရွာ စုစုပေါင်း ၁၂ နေရာထိ ဖွင့်လှစ်ထားကာ သျှမ်းစာပေ ဆရာ/မ ၆၃ ဦးနဲ့ ကျောင်းသား/သူ ၆၀၉ ဦး တက်
ရောက်သင်ကြားခဲ့တယ်လို့ မောက်မယ်မြို့ သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းရဲ့ အချက်အလက်အရ သိရပါတယ်။
အဆိုပါ နွေရာသီ သျှမ်းစာပေသင်တန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့တာဖြစ်ကာ ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက အရည်အချင်းစစ် စာမေးပွဲကျင်းပသွားခဲ့တယ်လို့ သိရပါတယ်။
May be an image of one or more people, people studying and text that says '1 OPPOF17 F17 Pro 17 OPPOF17Plo P'
နွေရာသီ ယဥ်ကျေးလိမ္မာဗုဒ္ဓဘာသာစာပေနှင့် သျှမ်းစာပေသင်တန်း ဆင်းပွဲကိုတော့ လာမယ့် မေလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး သင်တန်းဆင်းပွဲအတွင်း စာပေဟောပြောပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။May be an image of one or more people, people studying and text
မျိုးဆက်သစ်လူငယ်တွေကို သျှမ်းစာပေ၊ စကား တတ်မြောက်စေဖို့နဲ့ သျှမ်းယဥ်ကျေးမှုသမိုင်းကြောင်းတွေ သိရှိစေဖို့ ရည်ရွယ်ပြီး နှစ်စဥ်နွေရာသီရောက်တိုင်း ယဥ်ကျေးလိမ္မာဗုဒ္ဓဘာသာနဲ့ သျှမ်းစာပေသင်တန်း ကျင်းပလာခဲ့တာလို့ သိရှိရပါတယ်။
May be an illustration of studying and text
ဓါတ်ပုံပေးပို့ – မောက်မယ်သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း